Connect with us

Asia

ထိုင်းနိုင်ငံ ဘုရင်က ဝန်ကြီးချုပ်အဖြစ် ပရာယွတ် ချန်-အို-ချာအား ခန့်အပ်

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်-အို-ချာအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘုရင် မဟာဗာဂျီရယ်လောင်ကွန်း (Maha Vajiralongkorn) က ပရာယွတ် ချန်-အို-ချာ (Prayut Chan-o-cha) အား ဝန်ကြီးချုပ်အဖြစ် တရားဝင်ခန့်အပ်လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးတွင် အစိုးရအဖွဲ့ရာထူးဖြစ်သော ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ခဲ့ပြီးနောက် ပရာယွတ်အား တော်ဝင်ခန့်အပ်မှုကို ဇွန်လ ၁၁ ရက်တွင် တော်ဝင်ဂေဇက်၌ ကြေညာခဲ့သည်။

အောက်လွှတ်တော်နှင့် အထက်လွှတ်တော် အမတ် ၅၀၀ က ဝန်ကြီးချုပ်အဖြစ် ပရာယွတ်အား မဲပေးခဲ့ပြီး Future Forward ပါတီ ခေါင်းဆောင် Thanathorn Juangroongruangkit ကို ၂၄၄ မဲပေးခဲ့ကြသည်။

ပရာယွတ်သည် မတ်လ ၂၄ ရက် ရွေးကောက်ပွဲပြီးနောက် Palang Pracharath ပါတီ ဦးဆောင်သော ၁၉ ပါတီ မဟာမိတ်မှ အခိုင်အမာထောက်ခံမှုအောက်တွင် ၎င်း၏ အာဏာကို ထိန်းထားခဲ့သည်။ ပရာယွတ်သည် ၎င်းကိုယ်တိုင်အပါအဝင် အများဆုံး ဝန်ကြီး ၃၆ ဦးပါဝင်သော အစိုးရအဖွဲ့တစ်ခု တည်ထောင်ရမည် ဖြစ်သည်။

ပရာယွတ်က ၎င်းအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သော ထိုင်းနိုင်ငံ ဘုရင်၊ နိုင်ငံ့တာဝန်အား ဆက်လက်ထမ်းဆောင်ရန် အခွင့်အရေးပေးသော အထက်လွှတ်တော်နှင့် အောက်လွှတ်တော် အမတ်များအားလုံးနှင့် ပြည်သူများအား ကျေးဇူးတင်ကြောင်း၊ ကဏ္ဍအားလုံးတွင် ကြွယ်ဝချမ်းသာမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအား ဆောင်ကြဉ်းပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.