တီဟီရန် ၊ မေ ၂၆ ရက်(ဆင်ဟွာ) အီရန်နိုင်ငံတွင် ထိပ်တန်းလျှို့ဝှက်လက်နက်သစ်နှစ်မျိုးရှိကြောင်း နှင့် ယင်းအားအသုံးပြု၍ အမေရိကန်စစ်သင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဟု အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) တပ်မှူးချုပ်၏ အကြံပေးဖြစ်သူ တစ်ဦးက မေ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဂျကာတာ၊ မေ ၂၅ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီကျွန်းရှိ Agung မီးတောင်သည် မေလ ၂၄ ရက်က ပေါက်ကွဲခဲ့ပြီး မီးတောင်ပြာနှင့် ချော်ရည်ပူများ မီးတောင်ဝမှ ၃ ကီလိုမီတာအကွာထိ မှုတ်ထုတ်နေခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောခဲ့သည်။
တိုကျို၊ မေ ၂၅ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ပိုင်း ချီဘားစီရင်စုတွင် အင်အား ၅.၁ ရှိသော ငလျင်တစ်ခု မေလ ၂၅ ရက်က လှုပ်ရှားသွားကြောင်း ဂျပန် မိုးလေဝသအေဂျင်စီ (JMA) က ပြောခဲ့သည်။
နယူးဒေလီ၊ မေ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မီးလောင်မှုကြီးဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက် ၁၈ ဦးအထိရှိလာပြီဖြစ်ပြီး ဒဏ်ရာရသူ ၅ ဦးမှာ ဆေးရုံသို့ပို့ဆောင်ထားပြီးဖြစ်ကြောင်း အဆင့်မြင့် မီးသတ်အရာရှိတစ်ဦးက မေလ ၂၄ ရက်တွင် ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။
ကာရာကာ့စ်၊ မေ ၂၅ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခုတွင် မေလ ၂၄ ရက်က ဆူပူမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး အကျဉ်းသား ၂၃ ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာသတင်းများအရ သိရသည်။
ပဲရစ် ၊ မေ ၂၅ ရက် (ဆင်ဟွာ) ပြင်သစ် နိုင်ငံ အရှေ့တောင်ပိုင်း ရှိ Lyon မြို့ တွင် မေလ ၂၄ ရက် ညနေပိုင်း အချိန်တွင် ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး...
ကန်ဒါဟာ၊ မေ ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် အရပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲချုပ်က မေလ ၂၄ ရက်တွင် ပြောကြားလိုက်သည်။
လန်ဒန်၊ မေ ၂၄ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ (Theresa May) သည် ဇွန်လ ၇ ရက်တွင် ကွန်ဆာဗေးတစ်ခေါင်းဆောင် အဖြစ် ရာထူးမှနုတ်ထွက်မည်ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံ၏ နောက်ထပ် ဝန်ကြီးချုပ်သစ်အား ရွေးချယ်ဆုံးဖြတ်ရန် လမ်းဖွင့်ပေးလိုက်ကြောင်း မေလ ၂၄ ရက်က ပြောကြားလိုက်သည်။
နယူးဒေလီ၊ မေ ၂၄ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံံအတွင်းကျင်းပပြီးစီးခဲ့သော ၁၇ ကြိမ်မြောက်အထွေထွေရွေးကောက်ပွဲတွင် အိန္ဒိယဝန်ကြီး ချုပ်မိုဒီ၏ ဘာရာတီယာ ဂျာနာတာ ပါတီ (Bharatiya Janata Party –BJP) ပါတီက အနိုင်ရရှိသွားခဲ့ ကြောင်းရွေးကောက်ပွဲကော်မရှင်(ECI)က၎င်း၏လက်ကိုင်ဖုန်း application မှတစ်ဆင့်မေလ ၂၄ ရက် နံနက် ကထုတ်ပြန်ကြေညာခဲ့သည်။
ဟူစတန်၊ မေ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအလယ်ပိုင်းတွင် ရက်ဆက်လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မြစ်ရေကြီးခြင်း၊နေအိမ်ပြိုလဲပျက်စီးခဲ့သလို အချို့နေရာများတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ မေ ၂၂ ရက်အထိ သေဆုံးသူ အနည်းဆုံး ၄ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။