Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ကားဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အရပ်သား ၁၀ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံတွင် ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကန်ဒါဟာ၊ မေ ၂၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ်တွင် ကားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် အရပ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ပြည်နယ်ရဲချုပ်က မေလ ၂၄ ရက်တွင် ပြောကြားလိုက်သည်။

“အဲဒီဖြစ်ရပ်က ပြည်နယ်မြို့တော် ကန်ဒါဟာအနီးက ဟီနိုမီနာရပ်ကွက်မှာ မေလ ၂၃ ရက်ညက ဖြစ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုရဲ့ပစ်မှတ်ဖြစ်နိုင်စရာကိုတော့ မသိရသေးပါဘူး။ စုံစမ်းစစ်ဆေးမှုကိုလည်း လုပ်ဆောင်နေဆဲပါပဲ” ဟု ဗိုလ်ချုပ် တတ်ဒင်းန်ခန်းက တွစ်တာပေါ်တွင် ရေးသားထားသည်။

“ဒါပေမဲ့ ဒီတိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်က အရပ်သားတွေကို ပစ်မှတ်ထားဖို့ ရည်ရွယ်ထားဟန်တူပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုမှာ ပြည်နယ်ထောက်လှမ်းရေးအရာရှိဟောင်း၏ နေအိမ်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုပေါက်ကွဲမှုကြောင့် နေအိမ်များစွာ ပျက်စီးသွားခဲ့ပြီး ဗုံးအစအနနှင့် လွင့်ပျံလာသော ဖန်ကွဲစများ ထိမှန်ခြင်းကြောင့် နေအိမ်အတွင်း၌နေရင်းပင် ဒဏ်ရာများရရှိခဲ့သည့် ကလေးငယ် ၆ ဦးနှင့် အမျိုးသမီး ၄ ဦး အပါအဝင် ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားထားခြင်းမရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.