Connect with us

Africa & Middle East

အမေရိကန်စစ်သင်္ဘောများကို လျှို့ဝှက်လက်နက်များအသုံးပြု၍ နှစ်မြှုပ်ပစ်မည်ဟု အီရန်ခြိမ်းခြောက်

အီရန်တပ်ဖွဲ့ က ပင်လယ်ပြင်၌ သင်္ဘောတစ်စင်းအား ဖောက်ခွဲရေး တိုက်ခိုက်မှု လေ့ကျင့်နေစဉ်(ဆင်ဟွာ)

တီဟီရန် ၊ မေ ၂၆ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံတွင် ထိပ်တန်းလျှို့ဝှက်လက်နက်သစ်နှစ်မျိုးရှိကြောင်း နှင့် ယင်းအားအသုံးပြု၍ အမေရိကန်စစ်သင်္ဘောများကို နှစ်မြှုပ်ပစ်မည်ဟု အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) တပ်မှူးချုပ်၏ အကြံပေးဖြစ်သူ တစ်ဦးက မေ ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

“ ပင်လယ်ကွေ့ရေပြင်ထဲမှာ ရန်သူဖက်က မိုက်မဲတဲ့ လုပ်ရပ်သေးသေးလေးတစ်ခု လုပ်ဆောင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဖက်က သူတို့ကို ဘယ်လို လုပ်ဆောင်သွားမလဲဆိုတာကို သူတို့သိရလိမ့်မယ် ” ဟု Morteza Qorbani ၏ပြောကြားချက်ကို ကိုးကား၍ တီဟီရန်တိုင်းမ်စ်နေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

အမေရိကန်အနေဖြင့် ယခုကဲ့သို့ကစားပွဲမျိုးကို မကစားသင့်ကြောင်း နှင့် ၎င်းတို့၏ စစ်သင်္ဘောများကို ဒေသတွင်းသို့မပို့ဆောင်သင့်ကြောင်း Oorbani က သတိပေးစကားဆိုခဲ့သည်။

IRGC သည် အမေရိကန်စစ်သင်္ဘောများကို နှစ်မြှုပ်ပစ်ရန် ၎င်းတို့၏ လက်နက်များကို အသုံးပြုသွားမည်ဖြစ်ကြောင်း ၊ ၎င်းသင်္ဘောပေါ်တွင် မည်သည့်အရာ နှင့် မည်သူလိုက်ပါလာသည်ဖြစ်စေ နှစ်မြှုပ်ပစ်မည်ဖြစ်ကြောင်း Oorbani ကဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက အရှေ့အလယ်ပိုင်းဒေသတွင် အီရန်နိုင်ငံ၏ ခြိမ်းခြောက်မှုကို ဟန့်တားရန် ၎င်းတို့၏ လေယာဉ်တင်သင်္ဘောတစ်စင်းပါဝင်သော တိုက်ခိုက်ရေးသင်္ဘောအုပ်စု နှင့် ဗုံးကြဲလေယာဉ်အုပ်စုကို စေလွှတ်ထားပြီးဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ပြီးခဲ့သော မေ ၂၄ ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အရှေ့အလယ်ပိုင်းဒေသသို့တပ်ဖွဲ့ဝင် ၁၅ဝဝ ကျော်စေလွှတ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။(Xinhua)