နယူးဒေလီ၊ မတ် ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် တွင် မတ် ၂၃ ရက်က ကုန်တင်ကားတစ်စီးသည် ခရီးသည်များ လိုက်ပါလာသော မော်တော်ယာဉ်တစ်စီးအား ဝင်တိုက်မိ၍ အနည်းဆုံး လူ ၁၀ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်၊ မတ် ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ဟဲလ်မက်ပြည်နယ် ရှိ အားကစားရုံတစ်ခု၌ မတ် ၂၃ရက်တွင် လူများစုဝေး၍ အာဖဂန်နှစ်ကူးပွဲတော် ကျင်းပနေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ဦးသေဆုံးပြီး အခြားလူ ၅၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
ပါရီ ၊ မတ် ၂၄ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံတောင်ပိုင်း Trebesမြို့ရှိ စူပါမားကက်တစ်ခုတွင် အကြမ်းဖက်သမားတစ်ဦးက ဓားစာခံများကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်း ပစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က အသေပစ်သတ်ဖမ်းဆီးခဲ့ရကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန Gerard Collomb က အတည်ပြုပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် ရှိ မီးရှူးမီးပန်းစက်ရုံအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက မတ် ၂၃ရက်တွင်ပြောကြားခဲ့သည်။
အန်ကာရာ၊ မတ် ၂၃ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အလယ်ပိုင်း Nevsehir ပြည်နယ် တွင် မတ် ၂၃ ရက် က F-16တိုက်ဂျက်လေယာဉ်တစ်စင်း ပျက်ကျမှု ဖြစ်ပွားခဲ့ရာ တူရကီစစ်သားတစ်ဦးသေဆုံးကြောင်း သိရသည်။
ဟိုချီမင်းစီးတီး၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ရှိ အထပ် ၂၀ပါ တန်ဖိုးကြီးအိမ်ရာ တစ်ခု တွင် မတ် ၂၃ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၃ဦးသေဆုံးပြီး အခြားလူ ၁၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်ရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။
တိုကျို၊ မတ် ၂၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တောင်ပိုင်း တိုဟိုကုဒေသ ရှိ မီရာဂီဟီ စီရင်စု ၏ ပစိဖိတ်ကမ်းရိုးတန်း အလွန်တွင် ကနဦးတိုင်းတာချက် အရ အင်အား ၅.၁ ပမာဏရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသဋ္ဌာနက မတ် ၂၃ ရက်တွင်ပြောကြားခဲ့သည်။
မေးလ်၊ မတ် ၂၂ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံတွင် ၄၅ ရက်တာ ကြာမြင့်ခဲ့သည့် အရေးပေါ်အခြေအနေအား မတ်လ ၂၂ ရက်၌ အဆုံးသတ်လိုက်ပြီဖြစ်ကြောင်းနှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း သမ္မတရုံးမှ ထုတ်ပြန်သည့် ကြေညာချက်တွင် သမ္မတ Abdulla Yameen က ပြောကြားလိုက်သည်။
အဘူဂျာ၊ မတ် ၂၂ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Dapchi မြို့ရှိ ကောလိပ်တစ်ခုမှ ပြီးခဲ့သည့်လက ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့၏ ပြန်ပေးဆွဲခြင်းခံထားရသော ကျောင်းသူ ၁၀၄ ဦးကို မတ်လ ၂၁ ရက်တွင် ဘိုကိုဟာရမ် အဖွဲ့က ပြန်လွှတ်ပေးခဲ့ကြောင်း ဋ္ဌာနဆိုင်ရာဝန်ကြီး တစ်ဦးက ပြောကြားခဲ့သည်။
စိန့်ပီတာဘာ့ခ်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ မြောက်ပိုင်း Komi ဒေသတွင် သဘာဝဓါတ်ငွေ့ ပမာဏ ၁၀.၃၁၉ဘီလီယံ ကုဗမီတာ ရှိသော Levogrubeyuskoye ဓါတ်ငွေ့သိုက်သစ်တစ်ခု ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။