Connect with us

Europe

ပြင်သစ် နိုင်ငံ စီးပွားရေး နှင့် ဘဏ္ဍာရေး ဝန်ကြီး က အမေရိကန် နိုင်ငံ အား ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွားခြင်း ကို ရှောင်ရှားရန် တိုက်တွန်း

ပြင်သစ် နိုင်ငံ စီးပွားရေး နှင့် ဘဏ္ဍာရေး ဝန်ကြီး ဘရူနို လီးမား( Bruno Lemer) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ စီးပွားရေး နှင့် ဘဏ္ဍာရေး ဝန်ကြီး ဘရူနို လီးမား( Bruno Lemer) က ဖေဖော်ဝါရီ ၂၇ ရက် ၌ လည်ပတ်ရေး ခရီးစဉ် ဖြင့် ရောက်ရှိလာသည့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင် နူချင်း( Steven Mnuchin ) နှင့် တွေ့ဆုံရာတွင် နှစ်ဦးနှစ်ဖက်လုံး အတွက် နစ်နာစေမည် ဖြစ်သည့် ကုန်သွယ်ရေး စစ်ပွဲ မဖြစ်ပွားစေရန် အတတ်နိုင်ဆုံး ရှောင်ရှားသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဘရူနို လီးမား က ပြင်သစ် နိုင်ငံ အနေဖြင့် ယခု နှစ် တွင် G7 ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်ပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို အလေးထား ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း တွေ့ဆုံစဉ် ထည့်သွင်းပြောကြား ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ပြင်သစ် နှင့် အမေရိကန် နှစ်နိုင်ငံ အရာရှိတို့ က အင်တာနက် ကုမ္ပဏီ ကြီးများ အပေါ် အခွန်ကောက်ယူမှု နှင့် နှစ်နိုင်ငံ စီးပွားရေး နှင့် ဘဏ္ဍာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တို့နှင့် ပတ်သက်၍ သဘောထား အမြင်များ ကို လည်း ဖလှယ်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြင်သစ် နိုင်ငံ အစိုးရ က ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် နေ့ မှ စတင်၍ Google , Apple , Facebook နှင့် Amazon စသည့် အင်တာနက် ကုမ္ပဏီကြီးများ အပေါ် အခွန်တိုးချဲ့ကောက်ယူမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီး စာရင်းပြုစုချက်အရ ယင်း ကုမ္ပဏီ များ အပေါ် ၂၀၁၉ တွင် စုစုပေါင်း အခွန် ယူရို သန်း ၅၀၀ တိုးချဲ့ ကောက်ယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.