Connect with us

Asia

ဗီယက်နမ်နိုင်ငံသု့ိ နှစ်လအတွင်း နိုင်ငံတကာခရီးသွား ၈ ရာခိုင်နှုန်းမြင့်တက်

ဗီယက်နမ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ပထမနှစ်လအတွင်း နိုင်ငံတကာမှခရီးသွားဧည့်သည် အကြမ်းဖျဉ်း ၃.၁ သန်း ဝင်ရောက်ခဲ့ကာ တစ်နှစ်ထက်တစ်နှစ် ၈ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရကြောင်း ဗီယက်နမ် အမျိုးသား ခရီးသွားလုပ်ငန်းက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ခရီးသွားဧည့်သည်ဝင်ရောက်မှု အများဆုံးမှာ ထိုင်းနိုင်ငံမှဖြစ်ပြီး ၃၉.၉ ရာခိုင်နှုန်းရှိကြောင်း၊ တောင်ကိုရီးယားနိုင်ငံမှ ၂၄.၆ ရာခိုင်နှုန်းနှင့် ဖိလစ်ပိုင်နိုင်ငံမှ ၂၃.၄ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ခရီးသွားဧည့်သည်ဝင်ရောက်မှုများ အနက် ၂.၃ သန်းမှာ အာရှနိုင်ငံများမှ ဖြစ်ကာ ၉.၄ ရာခိုင်နှုန်း တက်လာခဲ့ကြောင်း၊ ဥရောပနိုင်ငံများမှ ၄၆၁,၅၀၀ ဦးရှိပြီး ၄.၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ အမေရိကတိုက်မှ ၂၀၈,၆၀၀ ဦးရှိကာ အဓိကအားဖြင့် အမေရိကန်နိုင်ငံမှဖြစ်ကာ ၄.၆ ရာခိုင်နှုန်းတက်လာခဲ့ကြောင်း၊ အများအားဖြင့် သြစတြေးလျတိုက်မှအပါအဝင် Oceania မှ ၈၈,၅၀၀ ဦးရှိပြီး ၂ ရာခိုင်နှုန်းကျဆင်းသွားကြောင်းနှင့် အာဖရိကမှ ၈,၄၀၀ ဦး ဝင်ရောက်ခဲ့ကာ ၆.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ဗီယက်နမ်နိုင်ငံက တရုတ်ခရီးသွားဧည့်သည် ၈၈၉,၉၀၀ ဦး ဝင်ရောက်ခဲ့ကာ နိုင်ငံတကာ ခရီးသွားဧည့်သည် စုစုပေါင်း၏ ၂၈.၈ ရာခိုင်နှုန်း ရှိကြောင်း ခရီးသွားလုပ်ငန်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.