ပါရီ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း ကော်စီကာကျွန်း ဘက်စတီးယားမြို့တွင် ဇန်နဝါရီ ၃၀ ရက်က လမ်းသွားလမ်းလာများအား အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ တစ်ဦးသေဆုံးပြီး အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာကဖော်ပြခဲ့သည်။
ထရီပိုလီ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အရှေ့ပိုင်းတွင် အခြေစိုက်သော စစ်တပ်က ၂၀၁၂ခုနှစ် တွင် ဘန်ဂါဇီမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး အား တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် အကြမ်းဖက်သမားတစ်ဦးအား တပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ် အသေခံဗုံးဖောက်ခွဲသွားခဲ့ကြောင်း ဇန်နဝါရီ ၃၀ရက်က ကြေညာခဲ့သည်။
ဘက်ဂဒက်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ (Felipe VI) သည် ဇန်နဝါရီလ ၃၀ ရက်က အီရတ်နိုင်ငံ မြို့တော် ဘက်ဂဒက်သို့ ရုတ်တရက် သွားရောက်ခဲ့ပြီး အီရတ်နိုင်ငံ သမ္မတ ဘာဟမ် ဆလီ (Barham Salih)...
မနီလာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင် တောင်ပိုင်းမှ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှစ်ကျောင်း ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အကြမ်းဖက်အစွန်းရောက် ဝါဒဆန့်ကျင်သောတိုက်ပွဲအတွက် ဖိလစ်ပိုင်အစိုးရနှင့် ပြည်သူများအား တရုတ်နိုင်ငံက အခိုင်အမာထောက်ပံ့မှု ပေးမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhao Jianhusက ပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဒုတိယကမ္ဘာစစ်အတွင်း တွင် စစ်ကြောင့် ဒုက္ခရောက်သော ကမ္ဘာသူကမ္ဘာသားများစွာရှိပေသည်။ ၎င်းတို့အနက်မည်သည့်နိုင်ငံသားများကိုမဆိုလူမျိုးဘာသာခွဲခြားမှု မရှိပဲ တရုတပြည်သူတို့အနေဖြင့် ကူညီစောင့်ရှောက်ခဲ့မှုက သမိုင်းတွင်မှတ်တမ်းတင်ခဲ့သည်။ ၎င်းတို့အနက် အင်ဂရစ်ယူဗင်(Ingrid Rubens )ဆိုသည့်အမျိုးသမီးက သာဓကတစ်ရပ်ဖြစ်သည်။
ဟနွိုင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ထိုင်းဘင်ပြည်နယ်တွင် ဓာတ်ငွေ့ကြောင့်အသက်ရှူကျပ်သွားခဲ့ပြီး ဗီယက်နမ်ကုမ္ပဏီဝန်ထမ်း အမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဇန်နဝါရီလ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
ဘဂ္ဂဒက် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက်၏ မြောက်ဘက်ရှိ ကော်ဖီဆိုင် တစ်ဆိုင်တွင် အမည်မသိ သေနတ်သမား များက ဇန်နဝါရီ ၂၉ ရက်တွင် တိုက်ခိုက် ပစ်ခတ်မှုကြောင့် စုစုပေါင်း လူ ၃ ဦး သေဆုံးကာ အခြား...
လန်ဒန်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) Brexit သဘောတူညီချက် ပြင်ဆင်ရေးမူ တစ်ခုကို ဗြိတိန်အောက်လွှတ်တော်က ဇန်နဝါရီ ၂၉ ရက် တွင် အတည်ပြုခဲ့ရာ ပြင်ဆင်ရေးမူသစ်ဖြင့် လက်ရှိ Brexit သဘောတူညီချက်ပါ အိုင်ယာလန် နယ်စပ်ရေးရာကို အစားထိုးနိုင်ရန် ဥရောပသမဂ္ဂနှင့်ညှိနှိုင်းဆွေးနွေးရေးအတွက် ဗြိတိန်ဝန်ကြီးချုပ်ကို တောင်းဆိုထားကြောင်း သိရသည်။
ကာရာကက်စ်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ နိုင်ငံတော်တရားရုံးချုပ် (TSJ) သည် ကြားဖြတ်သမ္မတအဖြစ် မိမိကိုယ်ကို ကြေညာထားသည့် အတိုက်အခံခေါင်းဆောင် Juan Guaido အား နိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီး ၎င်း၏ ငွေကြေးပိုင်ဆိုင်မှုများကို ဇန်နဝါရီ ၂၉ ရက်က ထိန်းချုပ်ခဲ့ကြောင်း သိရသည်။
ဝါဆော၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ အနောက်ပိုင်း ရှိ Rudna ကြေးနီသတ္တုတွင်း၌ ဇန်နဝါရီ ၂၉ ရက်က ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီးနောက် မိုင်းလုပ်သား ၉ဦး ပျောက်ဆုံးနေကြောင်း အဆိုပါမိုင်းတွင်းအား လုပ်ကိုင်နေသည့် KGHM ကုမ္ပဏီကပြောကြားခဲ့သည်။