Connect with us

Africa & Middle East

အီရတ်နိုင်ငံသို့ စပိန်နိုင်ငံ ဘုရင် ဖီလစ် ၆ ရုတ်တရက် သွားရောက်ခဲ့

စပိန်နိုင်ငံ ဘုရင် ဖီလစ် ၆ အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘက်ဂဒက်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ (Felipe VI) သည် ဇန်နဝါရီလ ၃၀ ရက်က အီရတ်နိုင်ငံ မြို့တော် ဘက်ဂဒက်သို့ ရုတ်တရက် သွားရောက်ခဲ့ပြီး အီရတ်နိုင်ငံ သမ္မတ ဘာဟမ် ဆလီ (Barham Salih) နှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြား၌ သတင်းဖော်ပြခဲ့သည်။

ဆလီသည် စပိန်နိုင်ငံ ဘုရင်အား ဘက်ဂဒက်မြို့အလယ်ပိုင်းရှိ Green Zone ရှိ ၎င်း၏ရုံး၌ လက်ခံတွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေးဆွေးနွေးခဲ့ကြကြောင်း နိုင်ငံပိုင် Iraqiya ချန်နယ်က ဖော်ပြထားသည်။

သတင်းများအရ စပိန်နိုင်ငံ ဘုရင်သည် ဘက်ဂဒက်မြို့အနီး စစ်အခြေစိုက်စခန်းရှိ စပိန်စစ်သားများထံသို့ သွားရောက်လည်ပတ်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.