Connect with us

Europe

ပြင်သစ်နိုင်ငံတွင် သေနတ်ပစ်ခတ်မှုကြောင့် လူတစ်ဦးသေ၊ အများအပြား ဒဏ်ရာရရှိ

သေနတ်သမားပုန်းအောင်းအား အဆောက်အအုံအား ရဲတပ်ဖွဲ့ဝင်များ ဝန်းရံထားစဉ် (ဓါတ်ပုံ-အင်တာနက်)

ပါရီ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်း ကော်စီကာကျွန်း ဘက်စတီးယားမြို့တွင် ဇန်နဝါရီ ၃၀ ရက်က လမ်းသွားလမ်းလာများအား အမျိုးသားတစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူ တစ်ဦးသေဆုံးပြီး အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာကဖော်ပြခဲ့သည်။

ဒေသစံတော်ချိန် ၁၆း၃၀နာရီတွင် အမျိုးသားတစ်ဦးသည် ဘက်စတီးယားမြို့ လမ်းမတစ်ခုပေါ်ရှိ လူများအား အကြောင်းရင်းမသိရှိရဘဲ ပစ်ခတ်ခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြားလူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များသည် သေနတ်သမားနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး ၎င်းနေထိုင်ရာ အဆောက်အအုံအတွင်း၌ ပုန်းအောင်းနေသော သေနတ်သမားအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အခြားသတင်းတစ်ခုအဖြစ် ဒေသတွင်းရုပ်သံလိုင်း France 3 Corsica Viastella က အဆိုပါအမျိုးသားသည် အသက် ၇၀နှစ်ရှိသည့် ဒေသခံတစ်ဦးဖြစ်ကာ အိမ်နီးချင်းများ နှင့် မပြေလည်မှုပြဿနာများရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.