Connect with us

Africa & Middle East

အီရတ်နိုင်ငံ၏ မြို့တော်အနီးရှိ ကော်ဖီဆိုင်တွင် သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံး

အီရတ် နိုင်ငံ၌ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုအား စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒက်၏ မြောက်ဘက်ရှိ ကော်ဖီဆိုင် တစ်ဆိုင်တွင် အမည်မသိ သေနတ်သမား များက ဇန်နဝါရီ ၂၉ ရက်တွင် တိုက်ခိုက် ပစ်ခတ်မှုကြောင့် စုစုပေါင်း လူ ၃ ဦး သေဆုံးကာ အခြား ဒဏ်ရာ ရရှိသူ တစ်ဦး ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်း အရင်းအမြစ် တစ်ခုက ပြောကြားခဲ့သည်။

ဘဂ္ဂဒက်မြို ့၏ မြောက်ဘက် ၃၀ ကီလိုမီတာ အကွာ Tarmiyah ဧရိယာရှိ အဆိုပါ နာမည်ကြီး ကော်ဖီဆိုင် အတွင်း သေနတ် သမားများက ၎င်းတို့၏ ရိုင်ဖယ် သေနတ်များဖြင့် ပြည်သူများအား ပစ်ခတ်ခဲ့ရာ လူ ၃ ဦး သေဆုံး ခဲ့ပြီး လေးယောက် မြောက် တစ်ဦးမှာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဗိုလ်မှူး Hassan al-Rubaie က ဆင်ဟွာသို့ ပြောသည်။

အခင်း ဖြစ်ပွားရာ နေရာသို့လုံခြုံရေး တပ်ဖွဲ့ဝင်များက အလျှင်အမြန် သွားရောက်ခဲ့ပြီး အဆိုပါ အဖြစ်အပျက် အား စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင် ခဲ့ကြောင်း ၎င်းက ပြောသည်။

ထိုတိုက်ခိုက်မှုအတွက် မည်သည့် အဖွဲ့ကမှ ၎င်းတို့၏ လက်ချက် ဖြစ်ကြောင်း ဝန်ခံ ပြောကြားခြင်း မရှိ သော်လည်း အိုင်အက်(စ်) အဖွဲ့သည် အီရတ်နိုင်ငံ အနှံ့အပြားရှိ လူစုလူဝေးများ ရှိသည့် အီရတ်နိုင်ငံရှိ ဗလီများ ၊ ကော်ဖီဆိုင်များ နှင့် ဈေးများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပစ်မှတ်ထား တိုက်ခိုက်မှု များအား လုပ်ဆောင်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

အီရတ် နိုင်ငံ အတွင်း ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင်များက အိုင်အက်(စ်) အဖွဲ့အား အမြစ်ဖြတ် ချေမှုန်းခဲ့ပြီးနောက် နိုင်ငံ လုံခြုံရေး အခြေအနေမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

သို့သော်လည်း ၎င်းတို့အား အဆက်မပြတ် စစ်ဆင် တိုက်ခိုက်မှုများ ကြားမှပင် အိုင်အက်(စ်) အဖွဲ့ငယ်များနှင့် တစ်ဦးချင်းစီ တို့သည် မြို့ပြ နှင့် နယ်အစွန်အဖျားများတွင် ပြန်လည် ဖွဲ့စည်းမှုများ ပြုလုပ်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် ပြည်သူများအား တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.