ဂျကာတာ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၏ အထင်ရှားဆုံး ကမ်းခြေဖြစ်သော ဂျာဗားကျွန်းစုကမ်းခြေတစ်လျှောက်၌ ယနေ့( ဇွန်လ ၁၂ ) ရက် နံနက်ပိုင်းတွင် ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသဌာန နှင့် ဘူမိရူပအေဂျင်စီက ဆိုသည်။
အစ္စလာမ်မာဘတ်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ်တွင် ဇွန်လ ၁၁ ရက်က သတင်းသမားတစ်ဦး အား အမည်မသိ သေနတ်သမားတစ်စု က ပစ်သတ်သွားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ နှင့် သတင်းသမား၏ မီဒီယာ အသိုင်းအဝိုင်းကပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာန က အာဖဂန်နစ္စတန်အရှေ့ပိုင်းတွင် အမေရိကန်စစ်သား သုံးဦး အသတ်ခံရပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇွန်လ ၁၀ ရက်က အတည်ပြုပြောကြားခဲ့သည်။
ဘန်ကောက်၊ ဇွန်၁၁ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ဇွန်လ ၁၀ ရက် က ဒူးရင်းသီးအစားပြိုင်ပွဲ တစ်ခု ကျင်းပခဲ့ရာ ဒူးရင်းသီး နှစ်သက်သူများ လာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထရိုင်ပိုလီ ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံခေါင်းဆောင်(ဟောင်း) ကဒါဖီ၏ သားဖြစ်သူ Saif-Al-Islam Gaddafi ကို နိုင်ငံမြောက်ပိုင်း ဇင်တန်မြို့ရှိ အကျည်းထောင်တစ်ခုမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
စင်ကာပူ ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်ခံရမှုကြုံတွေ့လာနိုင်ကြောင်း နှင့် “ မည်သည့်နေရာ မည်သည့်အချိန်တွင် ” ဖြစ်ပေါ်နိုင်သည်ကို မပြောနိုင်ကြောင်း စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်းက ဇွန်လ ၁ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ဘုရားဖူးများ တင်ဆောင်လာသည့် ရဟတ်ယာဉ် တစ်စင်းသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတရာခန်ပြည်နယ်မှ ထွက်ခွာစဉ် ပျက်ကျကာ လေယာဉ် ဝန်ထမ်း တစ်ဦး သေဆုံးပြီး ရဟတ်ယာဉ်မှူး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲ အရာရှိ တစ်ဦးက ပြောသည်။
အက်စတာနာ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း (SCO) ခေါင်းဆောင်များသည် အကြမ်းဖက်မှု ပုံစံအားလုံးကို အပြင်းအထန် ရှုတ်ချကြောင်း ဇွန်လ ၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
လန်ဒန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ အထွေထွေ ရွေးကောက်ပွဲ ကွန်ဆာဗေးတစ်ပါတီက အမတ်နေရာ ၃၁၈ နေရာ၊ လေဘာပါတီက ၂၆၂ နေရာ အသီးသီး ရရှိခဲ့ကြောင်း ဇွန်လ ၉ ရက် ညပိုင်းတွင် နောက်ဆုံး ထုတ်ပြန်သည့် ရလဒ်အရ သိရသည်။
ဖနွမ်းပင်၊ ဇွန် ၉ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ရေဘေးအတွက် ကမ္ဘောဒီးယားနိုင်ငံမှ အမေရိကန် ဒေါ်လာ တစ်သိန်း ပေးလှူခဲ့ကြောင်း သိရသည်။