Connect with us

Asia

အာဖဂန်စစ်တပ် က တာလီဘန်အကျဉ်းထောင်မှ လူ ၃၈ဦးကို ကယ်တင်၍ စစ်သွေးကြွ ၉ဦးကိုသုတ်သင်

အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Ghazni ပြည်နယ် ၌ ညသန်းခေါင်ယံအချိန်တွင် အာဖဂန်စစ်တပ်က စစ်ဆင်ရေးတစ်ခုဆောင်ရွက်ခဲ့ပြီး တာလီဘန်အကျဉ်းထောင်မှ လူ ၃၈ဦးကို ကယ်ဆယ်ခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၂၈ ရက်တွင်ပြောကြားခဲ့သည်။

အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက အာဖဂန်အမျိုးသားတပ်မတော် (ANA) သည် အထူးစစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ပြီး Ghazni ပြည်နယ်၊ Ab Band ခရိုင် ရှိ Ghat Kali ရွာရှိ တာလီဘန်အကျဉ်းစခန်းတစ်ခုမှ လူ ၃၈ဦးကို ကယ်ထုတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ဝန်ကြီးဌာနက စစ်ဆင်ရေးအတွင်း တာလီဘန်စစ်သွေးကြွများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် တာလီဘန်စစ်သွေးကြွ ၉ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

လွတ်မြောက်လာသူများကို စစ်အခြေစိုက်စခန်းတစ်ခုသို့ပို့ဆောင်ပေးထားကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ထုတ်ပြန်ချက်၌ စီးနင်းတိုက်ခိုက်မှုအပြီး စစ်သွေးကြွ ၉ဦး ကို ဖမ်းဆီးခဲ့ပြီး လက်နက်ရုံ ၃ခု နှင့် အကျဉ်းထောင်အဖြစ် တာလီဘန်တို့ အသုံးပြုခဲ့သည့် အဆောက်အအုံ၂လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

တာလီဘန်စစ်သွေးကြွများက ဇန်နဝါရီ ၂၇ရက် ညပိုင်းတွင် Ab Band ခရိုင်၌ ဖြစ်ပွားသော တိုက်ပွဲ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှလည်း အသေအပျောက်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.