Connect with us

North America

အမေရိကန်တွင် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၅ဦးဒဏ်ရာရရှိ

ဟူစတန်မြို့ရှိ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟူစတန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့ အရှေ့တောင်ပိုင်းရှိ လူနေဧရိယာတစ်ခုတွင် ဇန်နဝါရီ ၂၈ ရက် က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၅ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၂ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဟူစတန်ရဲဌာန (HPD) ရဲချုပ် Art Acevedo က ရဲတပ်ဖွဲ့ဝင် ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့အနက် ၄ဦးမှာ ကျည်ဆန်ဒဏ်ရာများရရှိခဲ့ပြီး ကျန်တစ်ဦးသာလျှင် သေနတ်ကျည်ဆန်ထိမှန်ခြင်းမရှိဘဲ ဒူးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

ရဲချုပ် က လည်းပင်တွင်သေနတ်ဒဏ်ရာရရှိခဲ့သော ရဲတပ်ဖွဲ့ဝင် ၂ဦး၏ အခြေအနေမှာ စိုးရိမ်ရပြီး ဒေသခံဆေးရုံတစ်ခု၌ ခွဲစိတ်ကုသပေးနေကြောင်းပြောကြားခဲ့သည်။

Acevedo ၏ပြောကြားချက်အရ ရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဝရမ်းတစ်ခုအရ အိမ်တံခါးတစ်ခုအား ချိုးဖျက်ဝင်ရောက်စဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းက အဆိုပါ ဖမ်းဝရမ်းသည် မူးယစ်ဆေးဝါးအမှု နှင့် ဆက်စပ်နေကြောင်း နှင့် အဆိုပါ နေအိမ်၌ ဘိန်းဖြူများရောင်းချနေကြောင်း သတင်းရရှိ၍ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရဲချုပ်က တရားခံ ၂ဦးမှာ သေဆုံးသွားကြောင်း နှင့် အခင်းဖြစ်ပွားရာကို ရှင်းလင်းပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.