Connect with us

North America

မက္ကဆီကိုတွင် ပစ်ခတ်မှုများကြောင့် အနည်းဆုံး လူ ၁၂ဦးသေဆုံး

မက္ကဆီကိုနိုင်ငံမှ ရဲတပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ တောင်ပိုင်း Guerrero ပြည်နယ် တွင် လက်နက်များကိုင်ဆောင်ထားသော အရပ်သားအုပ်စု နှစ်ခု အကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ဦးသေဆုံးပြီး အခြား ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ဇန်နဝါရီ ၂၇ ရက်တွင်ပြောကြားခဲ့သည်။

သေနတ်ပစ်ခတ်မှုသည် ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၃နာရီတွင် Guerrero ပြည်နယ် Chilapa စည်ပင်သာယာနယ်မြေ အတွင်းရှိ Paraiso de Tepila ဧရိယာသို့ ဦးတည်နေသော လမ်းမပေါ်၌ ဖြစ်ပွားခဲ့ကြောင်း ပြည်နယ်လုံခြုံရေးအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Roberto Alvarez ကပြောကြားခဲ့သည်။

မျက်မြင်တွေ့ရှိခဲ့သူများ၏ပြောကြားချက်အရ ပြည်သူ့အခြေပြုရဲတပ်ဖွဲ့ ဟု ၎င်းတို့ကိုယ်ကို နာမည်ပေးထားသည့် လက်နက်များကိုင်ဆောင်ထားသော အရပ်သားအုပ်စု နှစ်ခု သည် ၂နာရီကြာ တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

Alvarez က အစိုးရရှေ့နေများသည် အဆိုပါ ဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေပြီး သက်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.