Connect with us

Asia

ဂျပန်အရှေ့ကမ်းရိုးတန်း တွင် အင်အား ၅.၃ ပမာဏရှိ ငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိ

ဂျပန်နိုင်ငံ ချီးဘားစီရင်စု ၏ အရှေ့ကမ်းရိုးတန်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ချီးဘားစီရင်စု ၏ အရှေ့ကမ်းရိုးတန်းအလွန်တွင် ကနဦးတိုင်းတာချက်များအရ အင်အား ၅.၃ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာနက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

ကမ်းရိုးတန်းအလွန်တွင် ဖြစ်ပေါ်ခဲ့သော ငလျင်ကြောင့် ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရရှိမှု နှင့် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ မိုးလေဝသဌာန (JMA) ၏ ပြောကြားချက်အရ ငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂း၄၂နာရီ တွင် ချီးဘားစီရင်စု ၏ အရှေ့ကမ်းရိုးတန်း ကို ဗဟိုပြု၍ မြောက်လတ္တီကျု ၃၅ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၄၁.၁ဒီဂရီ ၌ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်သည် မြေပြင်အောက် အနက် ၄၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း ဌာနကပြောကြားခဲ့သည်။

မိုးလေဝသဌာနက မြို့တော် တိုကျိုမြို့အပါအဝင် အိမ်နီးချင်း ဆိုင်တာမာ စီရင်စု နှင့် ခနဂါဝါ စီရင်စုများတွင်လည်း ငလျင်လှုပ်ခတ်မှုကို တိုင်းတာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က ရှီဇူအိုကာစီရင်စု ရှိ ဟာမအိုကာနျူကလီးယားဓါတ်ပေါင်းဖို (သို့) အီဘာရာကီစီရင်စု ရှိ တီခိုင်းနျူကလီးယားဓါတ်ပေါင်းဖို အစရှိသည့် ဓါတ်ပေါင်းဖိုများတွင် အခြေအနေမူမမှန်မှုများ ဖြစ်ပေါ်လာသည်ဟု သတင်းထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.