ဂျာလာလာဘတ်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်မြို့တော် ဂျာလာလာဘတ်မြို့၌ ယနေ့ (ဇန်နဝါရီလ ၂၄ ရက်) တွင် အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် အက်တူလာ ခိုဂျီယာနီက ပြောကြားခဲ့သည်။
ဘာလင်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Karlsruhe မြို့အနီးရှိ ကောင်းကင်ယံတွင် ဇန်နဝါရီ ၂၃ရက်က အပေါ့စားလေယာဉ်တစ်စီး နှင့် ရဟတ်ယာဉ်တစ်စီး တို့တိုက်မိ၍ လူ၄ဦးသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ထရီပိုလီ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ အရှေ့ပိုင်း ဘန်ဂါဇီမြို့ တွင် ဇန်နဝါရီ ၂၃ရက်က ကားဗုံး ၂လုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေသည် ၂၂ဦးအထိမြင့်တက်လာခဲ့ကြောင်း ဆေးကုသရေးသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။
အန်ကာရာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ Afrin ခရိုင်အတွင်း ဇန်နဝါရီလ ၂၀ ရက်က စစ်ဆင်ရေးပြုလုပ်ခဲ့ရာ ကာ့ဒစ် ပြည်သူ့ ကာကွယ်ရေးယူနစ်များ (YPG) အဖွဲ့ဝင် အနည်းဆုံး ၂၆၀ သေဆုံးခဲ့ကြောင်း တူရကီစစ်တပ်က ဇန်နဝါရီလ ၂၃ ရက်က ပြောကြားခဲ့သည်။
ချီကာဂို ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကန်တက်စကီးပြည်နယ် အနောက်တောင်ပိုင်းရှိ အထက်တန်းကျောင်း တစ်ကျောင်း၌ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကျောင်းသား ၂ ဦးသေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကန်တက်စကီးအုပ်ချုပ်ရေးမှူးမက်ဘီဗင်း (Matt Bevin)...
တိုကျိူ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့ပိုင်း ဂန်မာပြည်နယ်ရှိ မီးတောင် ပေါက်ကွဲမှုကြောင့် ဆီးနှင်းများထူထပ်စွာ ပြိုကျလာပြီးနောက် လူ ၆ ဦး နစ်မြုပ်ခဲ့သည့်အနက် ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (GSDF) အဖွဲ့ဝင် တစ်ဦး သေဆုံးသွားကြောင်း ဒေသတွင်း မီဒီယာက ဇန်နဝါရီလ ၂၃...
ဆန်တီယာဂို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အဆိုပြုထားသော ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ဘိုလီးဗီးယားနိုင်ငံမှ ပါဝင်ဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံက ကျေးဇူးတင်ကြောင်းနှင့် နယ်ပယ်ပေါင်းစုံ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇန်နဝါရီလ ၂၃ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Sarah Sanders က ဇန်နဝါရီ ၂၂ ရက်နေ့ ၌ ကျင်းပ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် မီဒီယာ များအား ပြောကြားချက်အရ အမေရိကန် အနေဖြင့်...
ဆန်တီယာဂို၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် ဗင်နီဇွဲလားနိုင်ငံတို့သည် ၎င်းတို့၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းလာစေရန် ဆန္ဒရှိကြောင်း နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများက ဇန်နဝါရီ ၂၂ရက်တွင် ဆန်တီယာဂိုမြို့ ၌တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဘဂ္ဂဒက် ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ လုံခြုံရေး ဌာန တာဝန်ရှိသူ က အီရတ် နိုင်ငံ မြောက်ပိုင်း Kirkuk ပြည်နယ် တွင် ရဲတပ်ဖွဲ့ က နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် IS အစွန်းရောက် လက်နက်ကိုင် အဖွဲ့ဝင်...