Connect with us

Africa & Middle East

ယီမင်အစိုးရ ထိန်းချုပ်ထားသော မာရစ်ပြည်နယ်တွင် ပေါက်ကွဲမှုကြောင့် နိုင်ငံခြားသား မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူ ၅ဦးသေဆုံး

ယီမင်နိုင်ငံ ရှိ မြေမြှုပ်မိုင်းများအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆာနား၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ အစိုးရ က ထိန်းချုပ်ထားသော မာရစ်ပြည်နယ်တွင် ဇန်နဝါရီ ၂၀ ရက် က ပေါက်ကွဲမှုတစ်ခုကြောင့် နိုင်ငံခြားသား မိုင်းရှင်းလင်းရေး ကျွမ်းကျင်သူ ၅ဦး သေဆုံးခဲ့ကြောင်း အစိုးရလိုလားသည့် အွန်လိုင်းသတင်းဝက်ဘ်ဆိုက် Almasdar ကဖော်ပြခဲ့သည်။

ပေါက်ကွဲမှုသည် မိုင်းရှင်းလင်းရန်အတွက် ယီမင် အစိုးရတပ်ဖွဲ့အား သင်တန်းပို့ချနေသည့် အဆောက်အအုံတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ကျွမ်းကျင်သူများသည် ဆော်ဒီကကျောထောက်နောက်ခံပေးထားသော “မာရစ်ပြည်နယ် မာဆန် မြေမြှုပ်မိုင်းရှင်းလင်းရေး စီမံကိန်း” တွင် တာဝန်ထမ်းဆောင်နေသူများဖြစ်ကြောင်း သိရသည်။

သင်တန်းပို့ချနေစဉ်အတွင်း မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ကျွမ်းကျင်သူများသေဆုံးခဲ့ကြောင်း သတင်း၌ဖော်ပြထားသော်လည်း သေဆုံးသွားသည့် ကျွမ်းကျင်သူများ၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်ရေးသားထားခြင်းမရှိကြောင်း သိရသည်။

ဟူသီသူပုန်များသည် ယီမင်သမ္မတ Abd-Rabbu Mansour Hadi အား ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ရန် တွန်းအားပေးခဲ့ပြီး နိုင်ငံ၏မြောက်ပိုင်းဒေသအများအပြားကို ထိန်းချုပ်ခဲ့ပြီးနောက် ယီမင်အစိုးရအား ကူညီအထောက်အပံ့ပေးရန် ၂၀၁၅ခုနှစ်တွင် ယီမင်နိုင်ငံ၏ ပြည်တွင်းရေး၌် ကြားဝင်လာခဲ့သည့် အာရပ်မဟာမိတ်တပ်ဖွဲ့ကို ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်နေကြောင်းသိရသည်။

၄နှစ်ကြာမြင့်နေပြီဖြစ်သော စစ်ပွဲကြောင့် အရပ်သားအများအပြားအပါအဝင် လူ ၁၀,၀၀၀ကျော် သေဆုံးခဲ့ပြီး လူ ၃သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကာ ယီမင်နိုင်ငံအား အငတ်ဘေးအတွင်း တွန်းပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.