Connect with us

Africa & Middle East

အစ္စရေးနိုင်ငံ စစ်တပ်က ဆီးရီးယားနိုင်ငံရှိအီရန်ပစ်မှတ်များကိုပစ်ခတ်တိုက်ခိုက်

အစ္စရေးလေတပ်ရှိ လေယာဉ်တချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုစလင်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ စစ်တပ်က ဆီးရီးယားနိုင်ငံရှိအီရန်ပစ်မှတ်များကိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နှင့် ဆီးရီးယား အနေဖြင့် အစ္စရေး ၏ ပိုင်နက်နယ်မြေ သို့မဟုတ် ဆီးရီးယားတပ်ဖွဲများ ကို တိုက်ခိုက်ခြင်းမပြုလုပ်ရန် သတိပေးခဲ့ကြောင်း အစ္စရေးစစ်တပ်က ဇန်နဝါရီလ ၂၁ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။

“ဆီးရီးယား ရဲ့ပိုင်နက်နယ်မြေ အတွင်းမှာ ရှိတဲ့ အီရန်တပ်ဖွဲ့ကို စတင်တိုက်ခိုက်ခဲ့ပြီးဖြစ်ပါတယ်။ ဆီးရီးယားစစ်တပ်အနေနဲ့ အစ္စရေးရဲ့ပိုင်နက်နယ်မြေ နဲ့ အစ္စရေးတပ်ဖွဲ့တွေကို မတိုက်ခိုက်ဖို့ သတိပေးလိုက်တာပါ’’ ဟုအစ္စရေးနိုင်ငံစစ်တပ် ကပြောသည်။

ဇန်နဝါရီ လ ၂၀ ရက်နေ့ တွင် အစ္စရေး-ဆီးရီးယားနှစ်နိုင်ငံသည် ညလုံးပေါက် နယ်စပ်ဖြတ်ကျော် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဆီးရီးယားဘက် မှ ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်းကို အစ္စရေးနိုင်ငံ ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်က ကြားဖြတ် တားဆီးနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ယင်းနေ့အစောပိုင်းက နိုင်ငံတောင်ပိုင်းသို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် အစ္စရေးလေကြောင်း တိုက်ခိုက်မှုတစ်ခုကို တုံ့ပြန်တိုက်ခိုက်ခဲ့ရကြောင်း ဆီးရီးယားဘက်မှ ဆိုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.