နယူးယောက် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဇန်နဝါရီ ၂ဝ ရက်တွင် လူထောင်ပေါင်းများစွာသည် လမ်းမများပေါ်၌ အမျိုးသမီးအခွင့်အရေး ၊ ရွှေ့ပြောင်းအခြေချသူများ အခွင့်အရေးများအပါအဝင် သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒများအပေါ် တိုက်ရိုက်ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကဘူးလ် ၊ ဇန်နဝါရီ ၂၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ Intercontinental ဟိုတယ်တွင် ဇန်နဝါရီလ ၂ဝ ရက် ညပိုင်းက တိုက်ခိုက်မှုဖြစ်ပွားရာ အနည်းဆုံး တိုက်ခိုက်ရေးသမားတစ်ဦး နှင့် အရပ်သားများစွာ သေဆုံးခဲ့ကြောင်း သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ချီလီနိုင်ငံ Putre မြို့မှ တောင်ဘက် ၇၆ ကီလိုမီတာအကွာ၌ ရစ်ချ်စကေး ၆.၃ အင်အားရှိသော ငလျင်တစ်ခု ယနေ့ (ဇန်နဝါရီလ ၂၁ ရက်) နံနက် ၁း၀၆ နာရီက လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလုပ်ငန်းက ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အက်ဆမ်ပြည်နယ်တွင် ဇန်နဝါရီလ ၂၀ ရက် နံနက်ပိုင်းက အင်အား အသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ကိုင်ရို၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်-ဖက်တာ အယ်လ်-စီစီ (Abdel-Farrah al-Sisi) သည် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံနိုင်ရန် မတ်လတွင် ကျင်းပရန်လျာထားသော သမ္မတ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၉ ရက်က ကြေညာလိုက်သည်။
စတော့ဟုမ်း ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဆွီဒင် နိုင်ငံ ရဲတပ်ဖွဲ့ က ဇန်နဝါရီ ၁၉ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက် တွင် ၂၀၁၇ ခုနှစ်၌ ဆွီဒင် နိုင်ငံ တွင် သေနတ် ပစ်ခတ်မှုပေါင်း ၃၂၀ ကြိမ် ဖြစ်ပွား...
အာမန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) အစ္စရေး နိုင်ငံ က ၂၀၁၇ ခုနှစ် တွင် ဂျော်ဒန် နိုင်ငံ ဆိုင်ရာ အစ္စရေး နိုင်ငံ သံရုံး တွင် ဖြစ်ပွား ခဲ့သည့် သေနတ် ပစ်ခတ်မှု နှင့် ပတ်သက်၍ ဂျော်ဒန်...
ဟူစတန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ် ရဲတပ်ဖွဲ့က ပြည်နယ်မြို့တော် ဆန်တာဖဲမြို့ အရှေ့မြောက်ဘက် ၂၈၀ကီလိုမီတာ အကွာခန့်ရှိ ရက်တန်မြို့ တွင် ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့မှုကြောင့် လူ ၅ဦးသေဆုံးပြီး လူတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၈ရက်တွင်ပြောကြားခဲ့သည်။
အန်ကာရာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့အတွင်း စစ်ရေးအရ ဝင်ရောက်ဖြေရှင်းနိုင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တူရကီစစ်တပ်က ၎င်း၏ တောင်ပိုင်းနယ်စပ် ဟာတေးပြည်နယ် သို့ ဇန်နဝါရီ ၁၈ရက်က တင့်ကား ၉စီးစေလွှတ်ခဲ့ကြောင်း နိုင်ငံပိုင် Anadolu သတင်းဋ္ဌာနကပြောကြားခဲ့သည်။
ဘာလင် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) ဂျာမနီ နိုင်ငံ ဒေသ အများအပြား သို့ ဇန်နဝါရီ ၁၈ ရက်နေ့ ၌ မုန်တိုင်း ဝင်ရောက် တိုက်ခတ် ခဲ့ရာ လက်ရှိအချိန် တွင် လူပေါင်း ၃ ဦး သေဆုံး ခဲ့ပြီး...