Connect with us

Eastern Europe

ထရမ့်က ရုရှားသူလျှိုအဖြစ် အလုပ်လုပ်ပေးနေသည်ဆိုသည့် စွပ်စွဲချက်အပေါ် ရုရှားငြင်းဆို

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင် အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားအတွက် အလုပ်လုပ်ပေးနေသော သူလျှိုတစ်ဦးဖြစ်နိုင်ကြောင်း စွပ်စွဲချက်အပေါ် ရုရှားနိုင်ငံက ဇန်နဝါရီ ၁၅ ရက်တွင် ငြင်းဆိုလိုက်သည်။

“ အဲဒါက လျှို့ဝှက်ပူးပေါင်းကြံစည်တယ်ဆိုတဲ့ အယူအဆတစ်ခုပေါ့။ တကယ့် လက်တွေ့မှာတော့ အဆက်အစပ် လုံးဝ မရှိပါဘူး” ဟု ရုရှားနိုင်ငံပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့(Dimitry Peskov) က Argumenty I Fakty သတင်းစာနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။

“ အမေရိကန်နိုင်ငံဟာ သူ့ထဲမှာကိုက မေးခွန်းထုတ်စရာဖြစ်နေတဲ့ အခြေအနေပါ။ လူမှုအသိုက်အဝန်းနဲ့အစိုးရ နှစ်ဖက်စလုံးမှာ အကွဲအပြဲတွေဖြစ်နေတယ်။ အကျိုးဆက်ကတော့ ထရမ့်အတွက် အလုပ်လုပ်ဖို့ခက်ခဲတဲ့ အနေအထားပေါ့ ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

၂ဝ၁၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) ညွှန်ကြားရေးမှူး ဂျိမ်းစ်ကွန်မီ(James Comey) အား ရာထူးမှဖယ်ရှားခဲ့ခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ ထရမ့်က ရုရှားသူလျှိုတစ်ဦးအဖြစ် လုပ်ဆောင်ခဲ့သလားဆိုသည်ကို စုံစမ်းဖော်ထုတ်ရန် အမေရိကန်ဥပဒေပြုအဖွဲ့ဝင်များ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်တွင် နယူးယောက်တိုင်းသတင်းစာက ရေးသားဖော်ပြခဲ့သည်။

၎င်းအပေါ် စွပ်စွဲချက်များအားလုံးကို ထရမ့်က ဇန်နဝါရီ ၁၄ ရက်တွင် ငြင်းဆိုခဲ့သည်။

““ ရုရှားနိုင်ငံအတွက် ဘယ်တုန်းကမှ အလုပ်မလုပ်ပေးခဲ့ဘူးသလို အဲဒီမေးခွန်းထုတ်နေတာကိုက အရှက်ခွဲမှုတစ်ခုလို့ပဲ ကျွန်တော်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက တကယ့်ကို လုံးဝ မကောင်းတဲ့ကိစ္စပဲ ” ဟု ထရမ့်က ဝါရှင်တန်မြို့၌ သတင်းသမားများအားပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.