Connect with us

Africa & Middle East

အာဖဂန်နိုင်ငံ မြောက်ပိုင်းတွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန် အဓိက တပ်မှူးတစ်ဦးအပါအဝင် စစ်သွေးကြွ ၈ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ၌ လှုပ်ရှားနေသော တာလီဘန် စစ်သွေးကြွများအားတွေ့ ရစဉ် (ဆင်ဟွာ)

အာဖဂန်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Afghlan Baghlanပြည်နယ် မြောက်ပိုင်း Baghlan-e-Markazi ခရိုင်အတွင်း ဇန်နဝါရီ ၁၄ ရက်က မောင်းသူမဲလေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် တာလီဘန် အဓိက တပ်မှူး Qari Assadullahအပါအဝင် စစ်သွေးကြွ ၈ ဦးသေဆုံးခဲ့ကြောင်း မြောက်ပိုင်းဒေသ စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ Abdul Hadi Jamalက ပြောကြားသည်။

“ ထောက်လှမ်းရေးအစီရင်ခံစာမှာတော့ မောင်းသူမဲ့လေယာဉ်ဟာ Baghlan-e-Markazi ခရိုင် Kokchinar နယ်မြေအတွင်းက တာလီဘန်တွေကို ယနေ့ နံနက်ပိုင်းက အဓိက တိုက်ခိုက်ခဲ့တယ်၊ တာလီဘန် အဓိက တပ်မှူး Qari Assadullahအပါအဝင် စစ်သွေးကြွ ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်”Jamalက ဆင်ဟွာသတင်းဌာနသို့ ပြောသည်။

တာလီဘန်၏ အဓိက တပ်မှူး Assadullahသည် လူများကို သတ်ဖြတ်ရာတွင် ရက်စက်ကြမ်းကြုတ်ပြီး နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ဦးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.