Connect with us

Africa & Middle East

ဒီမိုကရေစီ အသွင်ကူးပြောင်းမှု စိတ်ချ လုံခြုံမှု မရှိသေးကြောင်း တူနီးရှား သမ္မတ ပြော

တူနီးရှား နိုင်ငံ သမ္မတ Beji Caid Essebsi အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တူနီးရှား ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

တူနီးရှား နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ စိတ်ချ လုံခြုံမှု မရှိသေးကြောင်း သမ္မတ Beji Caid Essebsi က ဇန်နဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် သမ္မတဟောင်း Zine al Abidine Ben Ali အား ဖြုတ်ချခဲ့သည့် နာမည် ကျော် အုံကြွမှု၏ ၈ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအား တူနီးရှားနိုင်ငံ၌ ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပခဲ့သည်။

တူနီးရှား နိုင်ငံ၌ တရားဝင် မသေချာမှု အခြေအနေများ နှင့် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေမှု ၊ နိုင်ငံရေး တင်းမာမှုများ ကြားတွင် စိတ်ဝမ်းကွဲပြားမှုများ နှင့် လူမှုရေး မငြိမ်သက်မှုများသည် ကြာရှည်စွာ ရှိနေကြောင်း သမ္မတ Essebsi က ပြောကြားခဲ့သည်။

ထိုအကြောင်းအရာများကြောင့် ဒီမိုကရေစီ တိုးတက်မှု ဖြစ်စဉ် နှောင့်နှေးနိုင်ကြောင်း ၎င်းက သတိပေးခဲ့ပြီး တစ်ချိန်တည်း မှာပင် တူနီးရှား နိုင်ငံ တည်ငြိမ်ရေး အတွက် ဆင်းရဲနွမ်းပါးမှု နှင့် အလုပ်လက်မဲ့ ဦးရေ အဆုံးသတ်နိုင်ရေးသည် အလွန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

တူနီးရှား နိုင်ငံ၌ ၁၉၇၈ ခုနှစ် ၊ ဇန်နဝါရီ လတွင် အထွေထွေ ဆန္ဒပြပွဲ ဖြစ်ပွားခဲ့သဖြင့် သေဆုံးဒဏ်ရာ ရရှိသူ အများအပြား ရှိခဲ့သည့် အခြေအနေမျိုးအား မဖြစ်ပွားရအောင် လက်ရှိ အခြေအနေများအား ရှောင်ရှားရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

သို့သော် တူနီးရှား နိုင်ငံသားများ အနေဖြင့် ကုန်ပစ္စည်း ဝယ်နိုင်စွမ်းအား ကျဆင်းနေသည်ကို ၎င်းက ဝန်ခံခဲ့သည်။

တူနီးရှား နိုင်ငံ၏ မြို့တော် တူးနစ်မြို့တွင် နိုင်ငံရေး ပါတီ တစ်ချို့နှင့် အမျိုးသားရေး အဖွဲ့အစည်းများသည် အစိုးရအား ထောက်ခံ/ဆန့်ကျင်သည့် ကြွေးကြော်သံ အမျိုးမျိုး အော်ဟစ်ကာ လူစုလူဝေး စုရုံးမှုများ ပြုလုပ်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.