Connect with us

Europe

ဆီးရီးယား အရေး နှင့် ပတ်သက်၍ တူရကီ-အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တူရကီ နိုင်ငံ သမ္မတ ရီဆက် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ သမ္မတ ရီဆက် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) နှင့် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့ က ဇန်နဝါရီ ၁၄ ရက် တွင် ဆီးရီးယား အရေး နှင့် ပတ်သက်၍ ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးမှု ပြုလုပ် ခဲ့ပြီး ဆီးရီးယား နိုင်ငံ မြောက်ပိုင်း တွင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု လမ်းပြ မြေပုံ ၊ လုံခြုံရေး ဇုန် တည်ဆောက်ရေး နှင့် အမေရိကန် နိုင်ငံ တပ်ဖွဲ့များ ဆီးရီးယား မှ ပြန်လည် ရုပ်သိမ်းရေး နှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

တူရကီ နိုင်ငံ သမ္မတရုံး မှ ထုတ်ပြန်ခဲ့သည့် ကြေညာချက် အရ နှစ်နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ အချုပ်အခြာ အာဏာ ပြည့်စုံစေရေး အား ထိန်းသိမ်းရန် ကို အခြေခံ၍ ဆီးရီးယား နိုင်ငံ မြောက်ပိုင်း တွင် လက်နက်ကိုင် အဖွဲ့ များ မထားရှိသည့် လုံခြုံရေး ဇုန် တစ်ခု တည်ဆောက်သွားရန် ဆွေးနွေးခဲ့ကြောင်း ၊ တူရကီ နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ က ဆီးရီးယား မှ တပ်ဖွဲ့ဝင်များ ပြန်လည် ရုပ်သိမ်းခြင်း အပေါ် ထောက်ခံအားပေးပြီး အမေရိကန် တပ်ဖွဲ့များ ပြန်လည် ရုပ်သိမ်းရေး အတွက် မည်သည့် ပုံစံဖြင့် မဆို ထောက်ခံပေးသွားလိုကြောင်း ၊ တူရကီ နိုင်ငံ နှင့် ဆီးရီးယား Kurd လူမျိုးများ အကြား ပြဿနာ မရှိကြောင်း ၊ တူရကီ နိုင်ငံ ၏ ဦးတည်ချက် မှာ IS နှင့် Kurd အလုပ်သမားပါတီ နှင့် ၎င်းတို့၏ အဖွဲ့ခွဲများ ကို ရှင်းလင်းသွားရန် ဖြစ်ကြောင်း စသည် တို့အား ဆွေးနွေးခဲ့သည် ဟု သိရှိရသည်။

အမေရိကန် အိမ်ဖြူတော် ၏ ထုတ်ပြန်ကြေညာချက်အရ ဒေါ်နယ်ထရမ့် က အာဒိုဂန် အား အမေရိကန် နိုင်ငံ အနေဖြင့် တူရကီ နိုင်ငံ မှ ဆီးရီးယား နိုင်ငံ အရှေ့မြောက် ပိုင်း ဒေသ လုံခြုံရေး အပေါ် စိုးရိမ်မှု နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ၊ ဆီးရီးယား Kurd လက်နက်ကိုင် အဖွဲ့အစည်း ၏ လုံခြုံရေး က အမေရိကန် အတွက် လွန်စွာ အရေးပါကြောင်း စသည်တို့ကို ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ကာလတစ်လျှောက် တူရကီ နှင့် အမေရိကန် နိုင်ငံ တို့က ပြည်သူ့ကာကွယ်ရေး တပ်မတော် စသည့် ဆီးရီးယား Kurd လက်နက်ကိုင် အဖွဲ့အစည်း ၏ တရားဝင်မှု နှင့် ပတ်သက်၍ ကြီးမားစွာ အငြင်းပွားမှု ရှိခဲ့ကြကြောင်း ၊ တူရကီ နိုင်ငံ က ပြည်သူ့ကာကွယ်ရေး တပ်မတော် အား Kurd အလုပ်သမားပါတီ ၏ အဖွဲ့ခွဲ တစ်ခု အဖြင့် သတ်မှတ်ထားပြီး အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် နှင့်အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ထားရှိပြီး IS အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်မှုများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.