အရူရှာ၊ မေ ၇ ရက် (ဆင်ဟွာ) တန်ဇန်းနီးယားနိုင်ငံ တွင် မေ ၆ ရက် က ကျောင်းကားတစ်စီး တောင်ကြားထဲသို့ ထိုးကျခဲ့ရာ ကျောင်းသားများ နှင့် ဆရာ ၃ဦး အပါအဝင် လူ ၃၁ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။
နယူးဒေလီ၊ မေ ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီရှိ အစိုးရ စာသင်ကျောင်းအနီး ဝန်းကျင်တွင် မေလ ၆ ရက်က ရပ်ထားသော ကွန်တိန်နာကား တစ်စီးမှ ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ကျောင်းသား ၂၀၀ ခန့် ဆေးရုံရောက်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဝါရှင်တန်၊ မေ ၆ ရက် (ဆင်ဟွာ) အိမ်ဖြူတော်တွင် ဧည့်ကြိုအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပထမဆုံး အမျိုးသမီးလည်းဖြစ်၊ ယင်း ရာထူးအတွက် တာဝန်ယူထားသော ဒုတိယမြောက် အာဖရိကန်-အမေရိကန် လူမျိုးလည်း ဖြစ်သူ Angella Reid ကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Sarah Huckabee...
ရီယို ဒီဂျနေးရိုး၊ မေ ၆ ရက် (ဆင်ဟွာ) လီယွန်နယ် မက်ဆီ (Lionel Messi) ၏ လေးပွဲပယ် ပြစ်ဒဏ်အား ဖီဖာ အယူခံ ကော်မတီက ပယ်ဖျက်ပေးလိုက်ပြီးနောက် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် အာဂျင်တီးနားအသင်းမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။
မော်စကို ၊ မေ ၆ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်တို့သည် မေလ ၅ ရက်က တယ်လီဖုန်း ဆက်သွယ်ဆွေးနွေးမှုအတွင်း ဆီးရီးယားအရေးအဖြေရှာရန် ပြောဆိုခဲ့ကြောင်း ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ မေ ၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံအပေါ်ကို စီးပွားရေးနှင့် သံတမန်ရေးရာ ဖိအားပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အား အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တီလာဆန် (Rex Tillerson) က မေလ ၄ ရက်တွင် တိုက်တွန်းလိုက်ကြောင်း အမေရိကန်...
နယူးဒေလီ၊ မေ ၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း အတ်တာပရာဒတ်ရှ်ပြည်နယ်ရှိ တူးမြောင်း တစ်ခုအတွင်းသို့ မီနီထရပ်ကား တစ်စီး မေလ ၅ ရက်က ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အချို့မှာ စိုးရိမ်ဖွယ်...
ပဲရစ်၊ မေ ၅ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေသည့် Marine Le Pen ၏ မဲဆွယ်စည်းရုံးရေး ဝက်ဘ်ဆိုဒ်အား ပုံမှန် တိုက်ခိုက်လေ့ရှိသူဟု သံသယရှိခံထားရသော အမျိုးသား တစ်ဦးကို ပြင်သစ် ဆိုက်ဘာ ပြစ်မှုဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း Le Pen...
နိုင်ရိုဘီ ၊ မေ ၅ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းဆောင်ရွက်မှုရုံး မှ မေလ ၄ ရက်နေ့က ဆိုမာလီယာ ၌် ထုတ်ပြန်ခဲ့သည့် သတင်းကြေညာချက်တွင် ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ ဆိုမာလီယာ နိုင်ငံ တွင် ကာလဝမ်းရောဂါ ကူးဆက်ခံရသူပေါင်း...
ဆန်ဖရန်စ္စကို၊ မေ ၅ ရက် (ဆင်ဟွာ) ဂျီမေးလ် သုံးစွဲသူများအား ရည်ရွယ်ကာ တိုက်ခိုက်မှု တစ်ခု အမေရိကန်ပြည်ထောင်စုတွင် မေလ ၃ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။