Connect with us

North America

ချီလီတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၉ဦးသေ၊ ၁၁ဦး ဒဏ်ရာရရှိ

ချီလီနိုင်ငံ မှ လူနာတင်ယာဉ်တစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆန်တီရာဂို၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ချီလီနိုင်ငံ တောင်ပိုင်း Lake ခရိုင်တွင် မော်တော်ယာဉ် ၃စီး တိုက်မိခဲ့ပြီးနောက် ကလေးငယ်တစ်ဦး အပါအဝင် အနည်းဆုံး လူ ၉ဦးသေဆုံးခဲ့ပြီး အခြားလူ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မတော်တဆမှုတွင် မော်တော်ယာဉ်တစ်စီး၊ တွဲကားတစ်စီး နှင့် ဗင်ကားတစ်စီးတို့ ပါဝင်ပြီး Mafil မြို့ နှင့် Valdivia မြို့ နှစ်ခုကို ချိတ်ဆက်ပေးထားသော နှစ်လမ်းသွားလမ်းတစ်လျှောက်၌ ဒေသစံတော်ချိန် နေ့လည် ၂နာရီတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။Valdivia မြို့အုပ်ချုပ်ရေးမှူး Hector Moreno က ယာဉ်တိုက်မှုကြောင့် အမျိုးသား ၅ဦး နှင့် အမျိုးသမီး ၄ဦးအပါအဝင် လူ ၉ဦး သေဆုံးခဲ့ကြောင်း နှင့် အခြားလူများ ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း ပြောကြားခဲ့ကြောင်း နေ့စဉ်သတင်းစာ El Mercurio Online ၏ပြောကြားချက်အရ သိရသည်။

အရွယ်ရောက်ပြီးသူ ၂ဦး နှင့် ၁၀လသား ကလေးငယ်တစ်ဦး ကို တင်ဆောင်လာသော မော်တော်ယာဉ်သည် ထိန်းချုပ်မှုကင်းမဲ့ကာ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော တွဲကားတစ်စီး နှင့် တိုက်မိခဲ့ကြောင်း သတင်း၌ပါရှိသည်။ထို့နောက် တွဲကားသည် တစ်ဖက်ယာဉ်ကြောသို့ လမ်းချော်ကာ Mafil မြို့ရှိ ကျန်းမာရေးစင်တာမှ ဆေးကုပြီးပြန်လာသော လူနာ ၁၇ဦးကိုတင်ဆောင်လာသည့် ဗင်ကားနှင့် တိုက်မိခဲ့ကြောင်း သိရသည်။ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိ၇သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117