Connect with us

Asia

၂၀၁၈ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ၏ အလုပ်အကိုင်ဖန်တီးမှု တိုးတက်ခြင်း ကိုးနှစ်အတွင်း နိမ့်ကျသည့်နှစ်တစ်နှစ်ဖြစ်ခဲ့

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်ခေါ်စာကြေညာထားသည်ကို ကြည့်ရှုနေသူများအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၁၇ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး အလုပ်အကိုင်ဖန်တီးနိုင်မှု တိုးတက်ခြင်းအနေဖြင့် ကိုးနှစ်ဆက်တိုက်နိမ့်ကျနေကြောင်း ဇန်နဝါရီလ ၉ ရက်တွင် ထုတ်ပြန်လိုက်သော အစိုးရ အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၁၈ ခုနှစ်၌ အလုပ်လုပ်ကိုင်သူအရေအတွက်မှာ ၂၆,၈၂၂,၀၀၀ ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကထက် ၉၇,၀၀၀ မြင့်တက်လာခဲ့ကြောင်း ကိုရီးယား စာရင်းအင်းများအရ သိရသည်။ အဆိုပါ ကိန်းဂဏန်းမှာ ၂၀၁၇ ခုနှစ်တွင်ရှိခဲ့သည့် ၃၁၆,၀၀၀ ဦး တိုးမြင့်လာခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ငွေရေးကြေးရေးအကျပ်အတည်း၏ အပျက်သဘောဆောင်သော သက်ရောက်မှုအဖြစ် အလုပ်ခန့်ထားမှုအား ၈၇,၀၀၀ အထိ လျော့ကျသွားရာ ၂၀၀၉ ခုနှစ်ကစ၍ ကိုးနှစ်အတွင်း အနိမ့်ကျဆုံးဖြစ်ခဲ့သည်။

အလုပ်လက်မဲ့နှုန်းမှာ ၂၀၁၈ ခုနှစ်တွင် ၃.၈ ရာခိုင်နှုန်းရှိခဲ့ကာ ၂၀၀၁ ခုနှစ်ကစ၍ အမြင့်ဆုံးဖြစ်ခဲ့သည်။

ယခုလို အလုပ်လက်မဲ့ဦးရေသည် ၂၀၁၈ ခုနှစ်တွင် ၁,၀၇၃,၀၀၀ ရှိခဲ့ပြီး ၁ သန်းအထက်တွင် သုံးနှစ်ဆက်တိုက် ရှိနေခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.