ဘာလင်၊ မတ်လ ၁ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ရဲတပ်ဖွဲ့က “Fussilet 33 e.V.” အမည်ရှိ ဗလီအသင်းတစ်ခုအား အကြမ်းဖက်သမားများ နှင့် ချိတ်ဆက်မှုများရှိနေသည့်အတွက် ဖေဖော်ဝါရီ ၂၈ ရက်က ပိတ်ပင်ခဲ့ကြောင်း သိရသည်။
တူနစ် ၊ မတ် ၁ ရက်(ဆင်ဟွာ) အာရပ်နိုင်ငံအချို ့တွင် တိုင်းပြည်၏ ဆိုးဝါးသောအခြေအနေများကြောင့် ကလေးငယ် ၁၃သန်းကျော်မှာ ကျောင်းမှထွက်ခဲ့ရကြောင်း (သို့မဟုတ်) ကျောင်းနေခွင့်မရရှိခဲ့ကြောင်း အာရပ်အဖွဲ့ချုပ် အကြီးအကဲက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
လာပါ့ဇ်၊ မတ်လ ၁ ရက် (ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံ တွင် ဖေဖော်ဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၂၇ရက် အထိ လေးရက်ကြာ ကျင်းပခဲ့သော ကာနီဗယ်ပွဲတော် အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် လူ ၃၃ဦးသေဆုံးခဲ့ကြောင်း နှင့် ဖေဖော်ဝါရီ ၂၇ရက်နေ့သည် ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု အများဆုံးနေ့ဖြစ်ကြောင်း...
ကုလသမဂ္ဂ ၊ မတ် ၁ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး(ဟောင်း) Amina Mohammed သည် ဖေဖော်ဝါရီလ ၂၈ ရက်က ကမ္ဘာ့ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တရားဝင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ အတိုင်ပင်ခံ ပုဂ္ဂိုလ် ယန်ကျဲ့ချီ (Yang Jiechi) အား အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်တွင် ဖေဖော်ဝါရီလ ၂၇ ရက်က လက်ခံ တွေ့ဆုံပြီး နယ်ပယ်အားလုံး၌ နှစ်နို်င်ငံ...
မိုဂါဒစ်ရှူး၊ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ဆိုမာလီယာနိုင်ငံရှိ ပြည်သူ ၁.၅ သန်းက လတ်တလောကြုံတွေ့နေရသော မိုးခေါင်ရေရှားမှု အခြေအနေ နှင့် စားနပ်ရိက္ခာအခက်အခဲများကြောင့် ကျန်းမာရေးဆိုးဝါးနေမှုများကို ဖြေရှင်းပေးနိုင်ရန် ရံပုံငွေ အမေရိကန်ဒေါ်လာ ၁ဝ သန်း လိုအပ်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) က ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြောကြားလိုက်သည်။
လောစ့်အိန်ဂျယ်လိစ် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ) ၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် ဒါရိုက်တာ Barry Jenkins ရိုက်ကူးသော Moonlight ရုပ်ရှင်ဇာတ်ကားသည် အကောင်းဆုံးဇာတ်ကားဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ၃နှစ်အရွယ် အမွှာ ၂ဦးအား ၎င်းတို့၏ မိဘများက အိမ်၌ မိနစ်ပိုင်းခန့် ထားခဲ့ပြီး ပြန်ရောက်လာစဉ် အဝတ်လျှော်စက်အတွင်းသို့ ပြုတ်ကျနေသည်ကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) အီရတ် နိုင်ငံ ပူးပေါင်း စစ်ဆင်ရေး ညွှန်ကြားမှု ဌာန က အီရတ် နိုင်ငံ အစိုးရ တပ်ဖွဲ့အနေဖြင့် မိုဆူးလ် မြို့အနောက်ပိုင်း ရှိ Mamun ဒေသ ကို ပြန်လည် သိမ်းပိုက် နိုင်ခဲ့ကြောင်း...
မော်စကို ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ လေတပ် ဦးစီးချုပ် Bondarev က ရုရှား နိုင်ငံ လေတပ် နှင့် ရေတပ် သည် ယခုနှစ်တွင် လေယာဉ် နှင့် ရဟတ်ယာဉ် စုစုပေါင်း အစင်း ၁၆၀ ကို...