Connect with us

Europe

အစိုးရကို ဦးတည်သည့် အကြမ်းဖက်လှုပ်ရှားမှုများကို ပြစ်တင်ရှုံ့ချ ကြောင်း ပြင်သစ်သမ္မတ ဆို

အ၀ါရောင် ရောင်ပြန်အကျီ င်္ဝတ်ဆန္ဒပြလှုပ်ရှားမှု(Yellow vest)မြင်ကွင်းတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ပါရီ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

ဇန်နဝါရီ ၅ ရက်က ပြင်သစ်အစိုးရကို ဦးတည်သည့် အကြမ်းဖက်လှုပ်ရှားမှုဖြစ်သောအဝါရောင် ရောင်ပြန်အကျီ ၤဝတ်ဆန္ဒပြလှုပ်ရှားမှု(Yellow vest)ကို ပြစ်တင်ရှုံ့ချကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ယင်းနေ့ တွင် ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ဆိုးဝါးသည့်၎င်းအကြမ်းဖက်လှုပ်ရှားမှုတွင် ပြင်သစ်နိုင်ငံ၏လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အထင်က ကိုယ်စားပြု နိုင်သည့်နေရာတွေကို တိုက်ခိုက်ခံရကြောင်း၊ ယခုကဲ့သို့ ဖျက်ဆီးတိုက်ခိုက်အကြမ်းဖက်နေသူများက နိုင်ငံသားများလိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်များကို မေ့လျော့နေပြီဟု သမ္မတ မက်ခရွန်က ဆိုသည်။

တရားမျှတမှုနှင့်အမှန်တရားကတွင်ကျယ်လာမည်ဖြစ်ကြောင်းနှင့် လူတိုင်းစိတ်အေးအေးထားကာ ဆွေးနွေးညှိနှိုင်းမှုများလုပ်သင့်ကြောင်း သမ္မတ မက်ခရွန်က တိုက်တွန်းထားသည်။

ဇန်နဝါရီ ၅ ရက် ညနေပိုင်းက ဆန္ဒပြလူအုပ်ကြီးသည် လုပ်ငန်းခွင်သုံးကားကြီးဖြင့် ပါရီမြို့ အစိုးရအဆောက်အဦ၏တံခါးကို ဝင်တိုက်ရာ အစိုးရပြောရေးဆိုခွင့်ရှိသူ Benjamin Griveauxနှင့် ဝန်ထမ်းအချို့ ရုံခန်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ဇန်နဝါရီ ၅ ရက်တွင် ပါဝင်ဆန္ဒပြသူဦးရေ ၅ သောင်းခန့်ရှိပြီး ယခင်အကြိမ် ဆန္ဒပြသူဦးရေထက်များသော်လည်း ပထမအကြိမ်ဆန္ဒပြသူ ၂ သိန်း ၈ သောင်းကျော်ပမာဏထက် များစွာ လျော့နည်းကြောင်း ပြင်သစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်ရသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.