Connect with us

Africa & Middle East

ဂမ်ဘီယာနိုင်ငံ သမ္မတ Barrow နှင့်တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့ တွေ့ဆုံဆွေးနွေး

ဂမ်ဘီယာနိုင်ငံ သမ္မတ Barrow နှင့်တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဘန်ဂျူလ်၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

ဂမ်ဘီယာနိုင်ငံ သမ္မတ Barrowသည် ဇန်နဝါရီ ၅ ရက်က ဂမ်ဘီယာနိုင်ငံ ဘန်ဂျူလ်မြို့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား လက်ခံတွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ Barrowက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဂမ်ဘီယာသို့ ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း ၊ထိုသို့လာရောက်လည်ပတ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်အောင်ဆောင်ရွက်လိုသည့် တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်နှင့် စိတ်စေတနာကို ဖော်ပြကြောင်း ၊ ၎င်းအနေဖြင့်လည်း ၉ လအတွင်း တရုတ်နိုင်ငံသို့ နှစ်ကြိမ်သွားရောက် လည်ပတ် ပြီးဖြစ်ရာ ဂမ်ဘီယာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ဆက်ဆံရေးကို အထူးအလေးထားယုံကြည်ကြောင်း ကိုလည်း ဖော်ပြကြောင်း ၊ တရုတ်နိုင်ငံသည် အရေးအကြီးဆုံး မိတ်ဖက်နိုင်ငံဖြစ်သောကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်သည်ထက်ကောင်းမွန်လာစေရန်အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဂမ်ဘီယာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒ ကို ခိုင်မာစွာ ထောက်ခံသွားမည်ပြီး ကုလသမဂ္ဂစသည့် ဘက်ပေါင်းစုံ၊နိုင်ငံပေါင်းစုံပါဝင်မှုများတွင် တရုတ်နိုင်ငံ၏ မှန်ကန်သည့်ရပ်တည် ချက်များနှင့်အတူ ခိုင်မာစွာထောက်ခံရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကလည်း တရုတ်-ဂမ်ဘီယာ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးပြန်လည်ထူထောင်ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးသည် ဘက်ပေါင်းစုံ တဟုန်တိုး တိုးတက်လာခဲ့ကြောင်း ၊ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ခြင်း သည် ဂမ်ဘီယာ နိုင်ငံနှင့်ပြည်သူများ၏အကျိုးစီးပွားနှင့်ကိုက်ညီသလို ခေတ်အခါ၏တိုးတက်မှုရေစီးကြောင်း နှင့်လည်း ကိုက်ညီကြောင်း ၊ ၎င်းမှာ မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည်ဆိုသည်မှာ လက်တွေ့က သက်သေထူပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂမ်ဘီယာနိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ခိုင်မာစွာလက်ခံကြောင်းကို ထပ်မံအလေးထား ဖော်ပြသည့်အတွက် ကျေနပ်နှစ်သိမ့်မိပါကြောင်း၊ အပြန်အလှန်ယုံကြည်မှုများ အဆက်မပြတ် တိုးပွား လာအောင် တည်ဆောက်သွားလိုကြောင်းနှင့် အနာဂတ်ဆက်ဆံရေး တိုးတက်စေရန်အတွက် ပိုမိုခိုင်မာသည့်အခြေခံမြစ်များ တည်ဆောက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.