နယူးယောက်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ပစိဖိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းရှိ ပြင်သစ်နိုင်ငံပိုင် နယူးကယ်လီဒိုးနီးယားကျွန်းစုအတွင်းရှိ Tadine ကျွန်း၏ အရှေ့မြောက်ဘက်၌ ရစ်ချ်တာစကေး ၇.၃ ရှိသော အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းတာရေး (USGS) က နိုဝင်ဘာလ ၁၉...
ကွန်ဒုစ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒုစ်ပြည်နယ် အီမန်ဆာဟစ်ခရိုင်တွင် နိုဝင်ဘာလ ၁၉ ရက်က မိုင်းဗုံးတပ်ဆင်နေစဉ် ပေါက်ကွဲသွားသဖြင့် တာလီဘန်စစ်သွေးကြွ ၇ ဦး သေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင် အုပ်ချုပ်ရေးမှူး Mahboubullah...
ထရိုင်ပိုလီ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) လစ်ဗျားနိုင်ငံ လုံခြုံရေးနှင့် လခြမ်းနီအဖွဲ့တို့သည် ထရိုင်ပိုလီမြို့နှင့် ၄၅၀ ကီလိုမီတာ ကွာဝေးသော Sirte မြို့၌ လူအစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံ တာဝန်ရှိသူ တစ်ဦးက နိုဝင်ဘာလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံလေတပ်မှ စစ်တပ်ဗုံးကျဲလေယာဉ်များသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ်(IS) အကြမ်းဖက်အုပ်စုများ၏ အခြေစိုက်စခန်းများအား နိုဝင်ဘာ ၁၈ ရက်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မက္ကဆီကို ၊ နိုဝင်ဘာ ၁၉ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ၌ သတင်းသမားများ တိုက်ခိုက်ခံရမှု နှင့် အသတ်ခံရမှုများတွင် ၉ဝ ရာခိုင်နှုန်းမှာ အရေးယူအပြစ်ပေးခံရခြင်းမရှိကြောင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်(CNDH) က နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဥရောပ နှင့် အမေရိကန်နိုင်ငံ၌ လာမည့် နှစ်သစ်ကူးအားလပ်ရက်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ် ပိုမိုမြင့်တက်လာနိုင်ခြေရှိကြောင်း နိုဝင်ဘာ ၁၇ရက်ကပြောကြားခဲ့သည်။
ဗျူနိုအေးရိစ်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) အမှုထမ်း ၄၄ဦးလိုက်ပါလာသည့် အာဂျင်တီးနား ရေငုပ်သင်္ဘောတစ်စီးနှင့် တောင်အတ္တလန္တိတ်ပင်လယ်ပြင် အတွင်း အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း စစ်တပ်အာဏာပိုင်များက နိုဝင်ဘာ၁၇ ရက်တွင်ပြောကြားခဲ့သည်။
တီရာနာ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) အယ်လ်ဘေးနီးယားနိုင်ငံ မြောက်ပိုင်း ဘူလ်ကွီဇာမြို့ ရှူပန်ဇာရွာရှိ စာသင်ကျောင်းတစ်ကျောင်းမှ ကျောင်းသား ၆၀ဦးခန့်သည် နိုဝင်ဘာ ၁၇ရက်တွင် အသက်ရှူကျပ်သည့် လက္ခဏာများခံစားခဲ့ရကြောင်း အယ်လ်ဘေးနီးယားနိုင်ငံကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။
လန်ဒန်၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံတွင် နိုဝင်ဘာ ၁၇ ရက်က ရဟတ်ယာဉ်တစ်စီး နှင့် လေယာဉ်ငယ်တစ်စီး ကောင်းကင်ပျံသန်းနေစဉ် တိုက်မိရာ လူအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း Gujarat ပြည်နယ် တွင် နိုဝင်ဘာ ၁၇ ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စီး နှင့် အိမ်စီးမော်တော်ယာဉ်တစ်စီး တိုက်မိရာ အနည်းဆုံး လူ၇ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။