Connect with us

Asia

ထိုင်းနိုင်ငံတောင်ပိုင်း အမျိုးသားဥယျာဉ်တွင် တောဆင်ရိုင်းနှင့် တိုက်မိသဖြင့် ယာဉ်မောင်း သေဆုံး

ထိုင်းနိုင်ငံတွင် တောဆင်ရိုင်းနှင့် ဝင်တိုက်မိသဖြင့် ပျက်စီးသွားသည့် ကားအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ မှောင်မိုက်သည့် လမ်းဘေးတစ်နေရာတွင် ဆင်တစ်ကောင်အား ပစ်ကပ်ကားတစ်စီး ဝင်တိုက်မိသဖြင့် ယာဉ်မောင်းသူသေဆုံးသွားခဲ့ကြောင်း နိုဝင်ဘာလ ၂၉ ရက်သတင်းများ၌ ဖော်ပြထားသည်။

သတင်းများအရ နိုဝင်ဘာလ ၂၈ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Nakhon Ratchasima ပြည်နယ်ရှိ Khao Yai အမျိုးသားဥယျာဉ်တွင် တောဆင်ရိုင်းတစ်ကောင်အား အရှိန်လွန်မောင်းနှင်လာသော မော်တော်ယာဉ်က ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုးဆိုးဝါးဝါး ပျက်စီးသွားသည့် မော်တော်ယာဉ်အား ကယ်ဆယ်ရေးသမားများက တွေ့ရှိခဲ့ပြီး ကားဘီးများအောက်တွင် ပိတ်မိနေသော အသက် ၅၈ နှစ်အရွယ် ယာဉ်မောင်း၏ ခန္ဓာကိုယ်ကို သံဖြတ်ကိရိယာ အသုံးပြုကာ ဖယ်ရှားခဲ့ရသည်။

အခင်းဖြစ်ပွားနေစဉ်တွင် ဆင်နှစ်ကောင်က လမ်းဖြတ်ကူးနေခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ဆင်များအား ရှောင်ရှားရန် ယာဉ်မောင်းကို ၎င်းတို့က လက်ဝှေ့ယမ်းသတိပေးခဲ့သော်လည်း မှောင်မိုက်နေသည့်အတွက် ယာဉ်မောင်းက မမြင်ခဲ့ကြောင်း သိရသည်။

အမျိုးသားဥယျာဉ်မှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်တွင် ပါဝင်ခဲ့သော ဆင်ကို ရှာဖွေခဲ့ပြီး ၎င်း၏ ခြေထောက်တွင် ဒဏ်ရာရရှိသည်ကို တွေ့ခဲ့ရကြောင်း၊ ညတွင်းချင်းပင် အဆိုပါ ဆင်အား အနီးကပ်စောင့်ရှောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.