Connect with us

Asia

အင်ဒိုအနောက်ပိုင်းတွင် အကျဉ်းသား ၁၁၃ဦး ထောင်ဖောက်ပြေး၊ ၄ဦး ပြန်လည်ဖမ်းဆီးရမိ

ထောင်ဖောက်ပြေးမှုဖြစ်ပွားခဲ့သည့် အင်ဒိုနီးရှားနိုင်ငံရှိ Lambaro အကျဉ်းထောင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂျာကာတာ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဥပဒေရေးရာ နှင့် လူအခွင့်အရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အင်ဒိုနီးရှားနိုင်ငံ အနောက်စွန်းရှိ Aceh ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းချိန်တွင် ပြတင်းပေါက်များကို ချိုးဖျက်၍ အကျဉ်းသား ၁၁၃ဦး အကျဉ်းထောင်တစ်ခု မှ လွတ်မြောက်သွားခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင်ပြောကြားခဲ့သည်။

Banda Aceh ပြည်နယ်မြို့တော် Aceh မြို့ လုံခြုံရေးတာဝန်ရှိသူ အကြီးတန်းရဲအရာရှိ Trisno Riyanto က ယခုအချိန်အထိ အကျဉ်းသား ၄ဦးကို ပြန်လည်ဖမ်းဆီးထားကြောင်း ပြောကြားခဲ့သည်။

Aceh မြို့ ရှိ Lambaro အကျဉ်းထောင်ဖောက်မှုသည် ဒေသစံတော်ချိန် ည ၆း၃၀နာရီတွင် ဖြစ်ပွားခဲ့ကြောင်း ဥပဒေရေးရာ နှင့် လူအခွင့်အရေးဝန်ကြီးဌာန ၏ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၏ပြောရေးဆိုခွင့်ရှိသူ Ade Kusmanto ကပြောကြားခဲ့သည်။

အကျဉ်းသားများသည် အလေးမသည့် အလေးတုံးများ နှင့် အခြားလေးလံသောအရာဝတ္တုများဖြင့် ပြတင်းပေါက်သံတိုင်များကို ချိုးဖျက်ပြီး အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

၎င်းက အကျဉ်းထောင်အတွင်း ထောင်ဆူမှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

Aceh ပြည်နယ်ဆိုင်ရာရဲတပ်ဖွဲ့ သည် လွတ်မြောက်နေသည့် အကျဉ်းသားများကို ဖမ်းဆီးရာ၌ အကူအညီပေးရန် တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ထားကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.