Connect with us

Africa & Middle East

တူရကီနိုင်ငံ အနောက်မြောက်ပိုင်းရှိ ကွန်ကရစ်တုံးကြားပိတ်မိနေသည့် အလုပ်သမား ၅ ဦးကို ကယ်ဆယ်နေဆဲ

တူရကီနိုင်ငံ Kocaeli ပြည်နယ်ရှိ အဝေးပြေးလမ်းမ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ ကွန်ကရစ်တုံး ပြိုလဲနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အနောက်မြောက်ပိုင်း Kocaeli ပြည်နယ်ရှိ အဝေးပြေးလမ်းမ ဆောက်လုပ်နေစဉ် နိုဝင်ဘာလ ၂၈ ရက်က မီတာ ၃၀ မြင့်သော ကွန်ကရစ်တုံးတစ်ခု လဲကျမှုဖြစ်ပွားခဲ့ပြီး အုတ်ကျိုးအုတ်ပဲ့များအကြား အလုပ်သမား ၅ ဦးထက်မနည်း ပိတ်မိနေကြောင်း NTV အသံလွှင့်ဌာနက ကြေညာခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် Gebze ခရိုင်တွင် ဖြစ်ပွားခဲ့ပြီး ထိုအလုပ်သမားများမှာ North Marmara အဝေးပြေးလမ်းမအဖြစ် လူသိကြသော အဝေးပြေးလမ်းမတစ်ခု အဆင့်မြှင့်တင်ခြင်း လုပ်ဆောင်နေသူများ ဖြစ်သည်။

ယင်းအလုပ်သမားများသည် ကွန်ကရစ်တုံး ရုတ်တရက် ပြိုလဲကျမှုနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားခဲ့ခြင်း ဖြစ်ကြောင်း၊ အပျက်အစီးများကြားမှ အလုပ်သမားများထံ ရောက်ရှိရန် ကယ်ဆယ်ရေးသမားများက ကြိုးစားနေကြောင်း အသံလွှင့်ဌာနက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.