ထရီပိုလီ၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ကုလသမဂ္ဂမှ ကျောထောက်နောက်ခံပြုထားသည့် လစ်ဗျားအစိုးရအနေဖြင့် လစ်ဗျားနိုင်ငံအရှေ့ဘက်ခြမ်း အားလုံခြုံရေးတာဝန်များ ပူးပေါင်းဆောင်ရွက်ရန် ဒီဇင်ဘာလ ၃၁ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။
ဂျာကာတာ ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျားဗားပြည်နယ်တွင် ဒီဇင်ဘာ ၃၁ ရက်က တောင်ပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ယင်းနေ့ ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) ဆီးရီးယား နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များအား ယခင်က အလျှင်အမြန် ရုပ်သိမ်းမည်ဟု ယူဆရသော်လည်း ဖြည်းဖြည်း ချင်းသာ ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၁...
လန်ဒန်၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံ မန်ချက်စတာမြို့ရှိ ဗစ်တိုးရီးယားဘူတာရုံတွင် ဒီဇင်ဘာလ ၃၁ ရက်ညက ရဲအရာရှိတစ်ဦး အပါအဝင် လူ ၃ ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်လိုက်ထိုးမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မနီလာ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Mindanaoဒေသ Cotabatoမြို့ရှိ shopping mall တစ်ခု၏ဝင်ပေါက်တွင် ဒီဇင်ဘာ ၃၁ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
တိုကျို၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီဘူယာရပ်ကွက်၌ နှစ်သစ်ကူး အစောပိုင်းအချိန်က အမျိုးသားတစ်ဦးသည် အကြမ်းဖက်တိုက်ခိုက်မှုဟုယူဆရသော လမ်းသွားလမ်းလာများအား ကားဖြင့် ဝင်တိုက်ခဲ့မှုတစ်ခုဖြစ်ခဲ့ရာ လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ဇန်နဝါရီလ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ပြုံယမ်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန်က နှစ်သစ်ကူးမိန့်ခွန်းစကားပြောကြားရာတွင် ၎င်းအနေဖြင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့်မည်သည့်အချိန်တွင်မဆို ထပ်မံတွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း KCT ရုပ်မြင်သံကြားသတင်းဌာနက ယနေ့ဇန်နဝါရီ ၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကမ္ဘာ့ထိပ်တန်း သတင်း ၁ဝ ပုဒ်ကို အောက်တွင် အစဉ်လိုက် ဖတ်ရှုနိုင်ပါသည်။
နယူးယောက်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) တရုတ်တေးသံရှင် လင်းရှောင်ချောင်(Xiaocao Lin) သည် တရုတ်နိုင်ငံ၏ စွဲမက်စရာကောင်းပြီး တုနှိုင်း မရသော ဂန္တဝင်ဂီတသံစဉ်များ နှင့် ကဗျာကို အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ဇန်နဝါရီလ ၅ ရက်တွင် ဖျော်ဖြေတင်ဆက်မည်ဟု သိရသည်။
အန်ကာရာ ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ အန်ကာရာမြို့တွင် နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် စီစဉ်နေသူ နိုင်ငံခြားသား အယောက် ၃၀ ကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၃၀ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။