လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ဖိနပ်ခုံတွင် စြင်္ကာတံဆိပ်များ ရိုက်နှိပ်ထားသည်ကို ဝယ်သူ တစ်ဦးက တွေ့ရှိခဲ့ပြီးနောက် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ် နယ်မြေအတွင်းရှိ ဖိနပ် ဖြန့်ဖြူးရောင်းချသူ တစ်ဦးက အဆိုပါ ဖိနပ်များအား ဈေးကွက်မှ ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဒူဘိုင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က ဒူဘိုင်းမြို့ရှိ Rashid ဆေးရုံတွင် ဆေးဝါးများအား စက်ရုပ်ဖြင့်ရောင်းချခြင်းကို စတင်ဆောင်ရွက်ခဲ့ကြောင်း UAE နိုင်ငံပိုင် WAM သတင်းဋ္ဌာန က ဇန်နဝါရီ ၁၃ ရက် ကဖော်ပြခဲ့သည်။
ဘန်ကောက်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံလေတပ်၏ Gripen တိုက်ခိုက်ရေး လေယာဉ်တစ်စီးသည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ လေဆိပ်တစ်ခုတွင် ဇန်နဝါရီ ၁၄ ရက်က ပျက်ကျခဲ့ရာ လေယာဉ်မှူးသေဆုံးခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် လူသေဆုံးမှုများ ဖြစ်ပေါ်စေခဲ့သော ရေလွှမ်းမိုးမှုများ နှင့် ပတ်သက်၍ ဝမ်းနည်းကြောင်း သဝဏ်လွှာအား ဇန်နဝါရီ ၁၃ရက်တွင် ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်း ထံပေးပို့ခဲ့ပြီး လိုအပ်သည့် အကူအညီများ...
ကွီတို၊ ဇန်ဝါရီ ၁၄ ရက် (ဆင်ဟွာ) ကိုလံဘီယာ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် အောင်မြင်မှုရှိမည်ဟု မျှော်လင့်ထားကြောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ELN) ပြောက်ကျား အုပ်စုက ဇန်နဝါရီလ ၁၃ ရက်၌ ပြောကြားလိုက်သည်။
အစ္စလမ်မာဘက်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်း ကက်ရှ်မီးယားဒေသ ရှိ မိန်းကလေးကျောင်းတစ်ခုအတွင်းသို့ ဇန်နဝါရီ ၁၃ ရက် ကုန်တင်ကားတစ်စီး ဝင်တိုက်ခဲ့မှုကြောင့် အနည်းဆုံး ကျောင်းသူ ၄ဦး နှင့်ဆရာတစ်ဦး သေဆုံးပြီး အခြား ၃၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်း Urdu သတင်းဋ္ဌာနက...
ဝါရှင်တန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် နေထိုင်ရန်အတွက် ဗီဇာမပါဘဲ ရောက်ရှိလာသော ကျူးဘားနိုင်ငံသားများအပေါ် ကန့်သတ်ထားသည့် ကာလရှည် မူဝါဒ တစ်ခုအား ဖြေလျှော့ အဆုံးသတ်လိုက်ကြောင်း သမ္မတ အိုဘားမားက ဇန်နဝါရီလ ၁၂ ရက်တွင် ပြောကြားလိုက်သည်။
နယူးဒေလီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) ခြေသုတ်ဖုံပေါ်မှာ အိန္ဒိယ နိုင်ငံတော် အလံကို ထည့်သွင်း အသုံးပြုကာ ရောင်းချခဲ့ပြီး အိန္ဒိယနိုင်ငံအား ဂုဏ်သိက္ခာ ကျဆင်းစေသည့်အတွက် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆက်ရှ်မာဆွာရတ်ကို အွန်လိုင်း ဈေးကွက်ကြီး တစ်ခု ဖြစ်သော အမေဇုံ (Amazon) တောင်းပန်လိုက်သည်။
ဆစ်ဒနီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) အညိုရောင် ကျောက်မီးသွေးမှ ထုတ်လုပ်ထားသော ဟိုက်ဒရိုဂျင်ကို သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ်မှ ဂျပန်နိုင်ငံသို့ ကမ္ဘာ့ ပထမဦးဆုံး သဘောတူ စာချုပ်၏ အစိတ်အပိုင်း တစ်ရပ် အဖြစ် သဘောၤဖြင့် တင်ပို့မည် ဖြစ်ကြောင်း သိရသည်။
မက်ဒရစ် ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ) Zidane ဦးဆောင် ကိုင်တွယ်နေသည့် Real Madrid အသင်း သည် စပိန် နိုင်ငံ ဘောလုံး ကလပ် အသင်းများ၏ ရှုံးပွဲ မရှိ စံချိန်သစ် ကို တင်နိုင်ခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်နေ့က...