Connect with us

Europe

ရုရှား နိုင်ငံ Kuril ကျွန်းစု မြောက်ပိုင်း ပင်လယ်ပြင် တွင် ပြင်းအား ၆.၇ အဆင့်ရှိ ငလျင် လှုပ်ခတ်

ပြင်းအား ၆.၇ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့သည့် ရုရှား နိုင်ငံ Kuril ကျွန်းစု အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဗလာဒီဗော့စတော့ ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ရုရှား နိုင်ငံ Yuzhno-Sakhalinsk ငလျင် တိုင်းတာရေး ဌာန ၏ ထုတ်ပြန်ကြေညာ ချက်အရ ရုရှား နိုင်ငံ Kuril ကျွန်းစု မြောက်ပိုင်း ပင်လယ်ပြင် တွင် အောက်တိုဘာ ၁၁ ရက် ၌ ပြင်းအား ၆.၇ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက် တွင် ငလျင် က အောက်တိုဘာ ၁၁ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၆ မိနစ် တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ငလျင် က Kuril ကျွန်းစု မြောက်ပိုင်း ရှိ Onekotan ကျွန်း ၏ အရှေ့ဘက် ၁၅၀ ကီလိုမီတာ အကွာအဝေး တွင် မြေအောက်အနက် ၇၄ ကီလိုမီတာ သို့ ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ရုရှား နိုင်ငံ Kamchatka နယ်စပ် ဒေသ အချို့တွင် ငလျင် လှုပ်ခတ်မှု ကို ခံစား သိရှိနိုင်ပြီး ယခု အကြိမ် ဖြစ်ပွား ခဲ့သည့် ငလျင် ကြောင့် သေဆုံးဒဏ်ရာရရှိမှု မဖြစ်ပွား ခဲ့ကြောင်း ပါဝင် ခဲ့သည်။

Kuril ကျွန်းစု က ရုရှား နိုင်ငံ Kamchatka ကျွန်းဆွယ် နှင့် ဂျပန် နိုင်ငံ Hokkaido ကျွန်း ကြားတွင် တည်ရှိပြီး ကျွန်းများ နှင့် ကျောက်ဆောင်များ ဖြင့် ဖွဲ့စည်း ထားသည့် ကျွန်းစု တစ်ခု ဖြစ်ကာ စုစုပေါင်း ဧရိယာ အားဖြင့် စတုရန်း ကီလိုမီတာ ၁၀,၀၀၀ တည်ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.