Connect with us

North America

လွှတ်တော်ရွေးကောက်ပွဲများကျင်းပပြီးနောက် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်နှင့် တွေ့ဆုံမည်ဟု ထရမ့်ပြော

မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသော အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံမှုအား နိုဝင်ဘာလအစောပိုင်းတွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများအပြီး၌ ပြုလုပ်မည်ဟု သိရသည်။

အနောက်အလယ်ပိုင်း အိုင်အိုဝါပြည်နယ်သို့ ထွက်ခွာမည့်လေယာဉ်ပေါ်တွင် ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် မဲဆွယ်ခြင်းများဖြင့် အလုပ်များနေရကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော် အခုမသွားနိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။

လွှတ်တော်ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ယင်းနေ့အစောပိုင်းတွင် ထရမ့်က သတင်းထောက်များအား တွေ့ဆုံစဉ် ၎င်းနှင့် ကင်တို့၏ ဒုတိယအကြိမ်မြောက် တွေ့ဆုံပွဲကျင်းပရန် ဖြစ်နိုင်ခြေရှိသည့်နေရာများကို သုံး၊ လေးနေရာသို့ လျှော့ချလိုက်ပြီဖြစ်ကြောင်း ပြောခဲ့သည်။

“ကျွန်တော်တို့ နေရာ သုံး၊ လေးခုကို ပြောထားပါတယ်။ အချိန်ကတော့ သိပ်မဝေးလှတော့ပါဘူး” ဟု အမေရိကန်နိုင်ငံ သမ္မတက ဆိုသည်။

မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးအား ဇွန်လ ၁၂ ရက်က စင်ကာပူနိုင်ငံတွင် ပထမဆုံး တွေ့ဆုံခဲ့သည်။ ထရမ့်နှင့် ကင်တို့ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်အရ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရန် ပြုံယမ်း၏ ကတိကဝတ်အတွက် မြောက်ကိုရီးယားနိုင်ငံ၏ လုံခြုံရေးကို အမေရိကန်နိုင်ငံက အာမခံရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.