ချီကာဂို၊ အမေရိကန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ ရှေ့လာမည့် နှစ်များအတွက် မျှော်မှန်းချက်နှင့် သတိပေးချက်များ ပါဝင်သည့် စိတ်လှုပ်ရှားဖွယ် မိန့်ခွန်းကို သမ္မတ ဘားရတ် အိုဘားမားက နှုတ်ဆက်ပွဲ မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ဘုရားကျောင်းသို့ လာရောက်ဝတ်ပြုသည့် လူမည်း ၉ဦးအား ၂၀၁၅ခုနှစ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့သူ သေနတ်သမားတစ်ဦးအား ဗဟိုတရားရုံးတစ်ခုက ဇန်နဝါရီ ၁၀ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဇူးရစ်ချ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် ဖီဖာ ကမ္ဘာ့ဖလားပွဲအတွက် ဝင်ရောက် ယှဉ်ပြိုင်မည့် အသင်းအား ၄၈ သင်းအထိ တိုးချဲ့မည် ဖြစ်ကြောင်း ဇန်နဝါရီလ ၁၁ ရက်တွင် ဖီဖာ ကောင်စီက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
ဘာလင် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ဂျာမနီ နိုင်ငံ သမ္မတ ရုံး မှ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဂျာမနီ နိုင်ငံ ၏ သမ္မတဟောင်း ဖြစ်သူ Roman Herzog သည် ထို့နေ့တွင် ဘာလင်၌ အသက် ၈၂...
လီမာ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံသည် အခိုးခံရသောဖုန်းများအား အသုံးပြု၍မရအောင်ပြုလုပ်နိုင်သည့် နည်းဗျူဟာသစ်ကို အသုံးပြု၍ ဖုန်းသူခိုးများအား တုံ့ပြန်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Carlos Basombrio က ဇန်နဝါရီ ၁၀ရက်တွင်ပြောကြားလိုက်သည်။
ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရို မြို့၌ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလက လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသော ဘရာဇီးနိုင်ငံဆိုင်ရာ ဂရိသံအမတ်ကြီး Kyriakos Amiridis ၏ ဈာပနအခမ်းအနားကို ယနေ့( ဇန်နဝါရီလ ၁၁ ရက်) တွင် ဘရာဇီးအစိုးရက ကျင်းပပြုလုပ်ခဲ့ကြောင်း...
ဟနွိုင်း၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ၂၀၁၆ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံ ဈေးကွက်၌ ဆိုင်ကယ်ဝယ်ယူမှုအရေအတွက်သည် ၃.၁သန်းကျော်ရှိလာပြီး ယခင်နှစ်ထက် ၉.၅ရာခိုင်နှုန်းတိုးတက်လာကြောင်း ဗီယက်နမ်နိုင်ငံ ဆိုင်ကယ်ထုတ်လုပ်သူများအသင်း (VAMM) က ဇန်နဝါရီ ၁၁ရက် တွင် ထုတ်ပြန်ခဲ့သည်။
ကိုပင်ဟေဂင် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) ဒိန်းမတ်နိုင်ငံJutland ကျွန်းဆွယ်ရှိ Ulstrup မြို့နေ အသက် ၄၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးသည် ၎င်း၏ ဇနီး နှင့် ရင်သွေးငယ် ၄ ဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခြင်းဖြစ်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်ကို ကိုးကား၍ ဒေသတွင်းမီဒီယာများက...
အန်ကာရာ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ မြို့တော် အန်ကာရာမြို့ အာဏာပိုင်များက ဇန်နဝါရီ ၁၀ရက်မှ စ၍ လူစုလူဝေးပြုလုပ်ခြင်းအား တစ်လကြာတားမြစ်သွားမည်ဖြစ်ကြောင်း သမ္မတ၏အုပ်ချုပ်မှုစနစ်အတွင်း ဥပဒေပြောင်းလဲမှုအတွက် မဲခွဲဆုံးဖြတ်ပြီးနောက် ကြေညာခဲ့သည်။
ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ) အာဂျင်တီးနားနိုင်ငံလက်ရွေးစင်အသင်း၏ ရှေ့တန်းတိုက်စစ်မှူးလုကက်စ် ပရက်တို ( Lucas Pratto ) အား ဥရောပအခြေစိုက် ကလပ်အသင်းများစွာက ကမ်းလှမ်းမှုများ ရှိနေရာ ၎င်းသည် လက်ရှိပါဝင်ကစားလျက်ရှိသော ဘရာဇီးနိုင်ငံAtletico Mineiro ကလပ် အသင်းမှ ဇန်နဝါရီလ အပြောင်းအရွှေ့ကာလတွင်...