Connect with us

Asia

လက်ဝဲယိမ်းအစွန်းရောက်ဝါဒီကို သုံးနှစ်အတွင်း ရှင်းလင်းနိုင်ရန် မျှော်လင့်ထားကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးပြော

အိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး Rajnath Singh (လက်ပြနေသူ) အားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံသည် လာမည့် သုံးနှစ်အတွင်း လက်ဝဲယိမ်းအစွန်းရောက်ဝါဒီကို နိုင်ငံအတွင်း ရှင်းလင်းဖယ်ရှားသွားနိုင်ရန် မျှော်လင့်ထားကြောင်း သိရသည်။

“Naxalite ပုန်ကန်မှုဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်က တစ်နှစ်မှာ ၁၂၆ ခုထိ ရှိခဲ့ရာက အခုတော့ ၁ဝခု ကနေ ၁၂ ခုအထိ လျော့ကျသွားတယ်။ လာမယ့် သုံးနှစ်အတွင်းမှာတော့ လက်ဝဲယိမ်းအစွန်းရောက်ဝါဒီကို နိုင်ငံအတွင်းကနေ အပြီးအပိုင် ရှင်းလင်းနိုင်ပါလိမ့်မယ်” ဟု အိန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Rajnath Singh က အောက်တိုဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။

“ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ Naxalites နှင့် စစ်သွေးကြွ ၁၃၁ ဦးကို သတ်ဖြတ်ခဲ့တယ်။ ပြီးတော့ အခြား ၁၂၇၈ ဦးကို ဒီနှစ်အတွင်း ဖမ်းဆီးခဲ့သလို အနည်းဆုံး ၅၈ ဦး လက်နက်ချ အညံ့ခံခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Chhattisgarh ၊ Andhra Pradesh နှင့် Maharashtra တို့အပါအဝင် အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ် ခုနှစ်ခုတွင် မကြာခဏဆိုသလို Naxalite ပုန်ကန်မှုများ ကြုံတွေ့နေရသည်။

Naxalite တိုက်ခိုက်ရေးသမားများကမူ ၎င်းတို့အနေဖြင့် လူမျိုးစုအခွင့်အရေး နှင့် ကျေးလက်နေဆင်းရဲနွမ်းပါးသူများအတွက် တိုက်ပွဲဝင်နေခြင်းဖြစ်ကြောင်း ဆိုထားသည်။ ၎င်းတို့သည် အရှေ့ဘင်ဂေါတွင် ၁၉၆ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းလောက်မှ စတင်ကာ လက်နက်ကိုင် ပုန်ကန်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းမှတဆင့် အိန္ဒိယနိုင်ငံ၏ အုပ်ချုပ်ရေး ခရိုင်များ သုံးပုံ-တစ်ပုံကျော်ထက် မနည်းကို ပြန့်နှံ့သွားခဲ့ကြောင်း သိရသည်။

မကြာသေးခင်နှစ်များက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အပြင်းအထန်းတိုက်ခိုက်မှုကြောင့် လက်နက်ကိုင်သူပုန်များသည် တောထူထပ်သော နေရာများသို့ပြောင်းရွှေ့ခိုလှုံခဲ့ကြရပြီး ပုန်ကန်မှုမှာလည်း လျော့ကျလာခဲ့ရသည်။သို့သော် ခြုံခိုတိုက်ခိုက်မှုများ နှင့် ပစ်-ပြေး တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.