Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် လေပြင်းတိုက် မိုးကြီးမှုကြောင့် လူ ၄ ဦးသေဆုံး၊ ၁၀,၀၀၀ ကျော်ထိခိုက်မှုရှိခဲ့

သီရိလင်္ကာနိုင်ငံတွင် လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့်သီတင်းပတ်ကုန်က လေပြင်းတိုက်ခတ်မှုများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အနည်းဆုံးလူ ၄ ဦးသေဆုံးပြီး ၁၀,၀၀၀ ကျော်အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သဘာဝဘေး စီမံခန်ပခွဲမှုစင်တာ (DMC) က ၎င်းတို့၏ အောက်တိုဘာလ ၈ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။

DMC ပြောခွင့်ရပုဂ္ဂိုလ် Pradeep Kodippili က သေဆုံးသူ ၄ ဦးမှာ သီရိလင်္ကာနိုင်ငံ တောင်ပိုင်း Kalutara ခရိုင်နှင့် Galle များမှ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံတောင်ပိုင်းရှိ Badulla ၊ Kalutara ၊ Galle နှင့် Kegalle စသည့်ဒေသများတွင် ရေလျှံမှုများဖြစ်ပွားခဲ့ကြောင်း၊ အိမ်ထောင်စုပေါင်းစွာအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

အောက်တိုဘာလ ၈ ရက်နံနက်ပိုင်းတွင် ရေကျသွားခဲ့ပြီဖြစ်သော်လည်း မိုးရွာသွန်းနိုင်ခြေရှိသည့်အတွက် သတိပေးချက်များ ဆက်လက်ထားရှိကြောင်း Kodippili က ပြောကြားခဲ့သည်။

နောက်ဆုံးထုတ်ပြန်ထားသည့် ရာသီဥတုသတိပေးချက်တွင် မိုးလေဝသဌာနက နိုင်ငံအတွင်း နေရာအတော်များများတွင် အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်နေ့များ၌ မိုးများဆက်လက်ရွာသွန်းနိုင်ခြေရှိကြောင်း ထုတ်ပြန်ထားသည်။

သီရ်လင်္ကာနိုင်ငံ အရှေ့ပိုင်း၊ တောင်ပိုင်း၊ အလယ်ပိုင်း Sabaragamuwa ပြည်နယ်၊ Uva ပြည်နယ်နှင့် အနောက်ပိုင်း ပြည်နယ်များရှိ နေရာအတော်များများ၌ မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ဖြည့်စွက်ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.