Connect with us

North America

အမေရိကန် နယူးယောက်တွင် ယာဉ်မတော်တဆမှုကြောင့် လူ ၂၀ ဦး သေဆုံး

ယာဉ်မတော်တဆမှုဖြစ်ပွားသည့် နေရာတ၀ိုက်အား တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်တွင် အောက်တိုဘာ ၆ ရက်က ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားရာ လူ ၂၀ ဦး သေဆုံးကြောင်း ၎င်းပြည်နယ် ရဲတပ်ဖွဲ့က အောက်တိုဘာ ၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

ယာဉ်မတော်တဆမှုဖြစ်ပွားသည့်အချိန်မှာ အောက်တိုဘာ ၆ ရက် ဒေသစံတော်ချိန် ညနေ ၂ နာရီခန့်က ဖြစ်ကြောင်း ၊ အကြီးစားဇိမ်ခံကား တစ်စီးသည် နယူးယောက်ပြည်နယ် Schoharie ကောင်တီတွင် မောင်းနှင်နေစဉ် အကွေ့တွင် ယာဉ်ရပ်နားကွင်းမှ ယာဉ်တစ်စီးအားတိုက်မိပြီး လမ်းသွားလမ်းလာများကို ထပ်မံတိုက်မိခြင်းဖြစ်ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသူ ၁၈ ဦးစလုံးသေဆုံးခဲ့ပြီး လမ်းသွားလမ်းလာ ၂ ဦး သေဆုံးခဲ့ကြောင်း ၊ သက်ဆိုင်ရာ ဌာနများက သေဆုံးသူ၏ မိသားစုဝင်များကို ဆက်သွယ်လျက်ရှိပြီး အချင်းဖြစ်ပွားသည့်အကြောင်းရင်း ကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း နယူးယောက်ပြည်နယ်ရဲတပ်ဖွဲ့က အောက်တိုဘာလ ၇ ရက် တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သယ်ယူပို့ဆောင်ရေးနှင့်ဘေးကင်းလုံခြုံရေးအဖွဲ့(NTSB)က အောက်တိုဘာ ၇ ရက် တွင် အချင်းဖြစ်နေရာသို့ သွားရောက်စုံးစမ်းလျက်ရှိကြောင်းသိရသည်။ ယခုဖြစ်ပွားသည့် ယာဉ် မတော်တဆ မှုသည် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အမေရိကန်တွင် ဖြစ်ပွားသည့် ယာဉ် မတော်တဆမှုများတွင် လူသေဆုံးမှု အများဆုံးယာဉ်တိုက်မှု ဖြစ်ကြောင်း NTSBအဖွဲ့ ဥက္ကဋ္ဌ က ပြောကြားခဲ့သည်။

နယူးယောက်ရဲတပ်ဖွဲ့က သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း နယူးယောက် ပြည်နယ်မှူး Andrew Cuomo က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.