Connect with us

North America

မက္ကစီကို နိုင်ငံ ရှိ အရက်ဘား တစ်ခု တွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွားရာ လူ ၅ ဦး သေဆုံး

မက္ကစီကို နိုင်ငံ တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွား ပြီးနောက် ရဲတပ်ဖွဲ့ မှ လုံခြုံရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

မက္ကစီကို စီးတီး ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

မက္ကစီကို နိုင်ငံ အလယ်ပိုင်း မက္ကစီကို ပြည်နယ် ရှိ အရက်ဘား တစ်ခု တွင် အောက်တိုဘာ ၆ ရက် နံနက်ပိုင်း အချိန် ၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွား ရာ လူ ၅ ဦး သေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မက္ကစီကို ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားခဲ့ရာတွင် သေနတ်ပစ်ခတ်မှု သည် Naucalpan မြို့ရှိ အရက်ဘား တစ်ခု တွင် ဖြစ်ပွား ခဲ့ကြောင်း ၊ အချင်းဖြစ်ပွားသည့် နေရာ တွင် လူ ၂ ဦး က သေနတ်ဒဏ်ရာဖြင့် သေဆုံး ခဲ့ပြီး ဒဏ်ရာရရှိသူ များ အနက် ၃ ဦး မှာ ဆေးရုံ တွင် သေဆုံးခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့ အနေဖြင့် အချင်းဖြစ် နေရာ တွင် သေနတ်ကျည်ဆံ အခွံပေါင်း ၃၀ ကျော် ကို တွေ့ရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

အချင်းဖြစ်စဉ် ကို ကြုံတွေ့ခဲ့သူ တစ်ဦး က ရှေ့ဦးပိုင်း တွင် ဒေသတွင်းရှိ ဂိုဏ် အဖွဲ့ နှစ် ဖွဲ့ တို့ အကြာား ခိုက်ရန် ဖြစ်ပွား ခဲ့ကြပြီး အဖွဲ့ တစ်ဖွဲ့ သည် အရက်ဘား မှ ထွက်ခွာသွားပြီး သေနတ် နှင့် လက်နက်များ ယူဆောင်ကာ အရက်ဘား သို့ ပြန်လာ၍ ပစ်ခတ်မှုများ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Naucalpan မြို့ သည် မက္ကစီကို နိုင်ငံ မြို့တော် မက္ကစီကို စီးတီး အနီးတွင် တည်ရှိသော မြို့ တစ်မြို့ ဖြစ်ပြီး လတ်တလောနှစ်ပိုင်း တွင် တိုက်ခိုက်မှု ဖြစ်ပွားခြင်း များပြားလာခဲ့ကြောင်း သိရှိရသည်။(Xinhua)