ပါရီ ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံဘောလုံးမဂ္ဂဇင်းမှ ပေးအပ်ချီးမြင့်သော (Ballon d’Or) ရွှေဘောလုံးဆု ကို ခရစ်တီယာနို ရော်နယ်ဒိုသည် ဒီဇင်ဘာလ ၁၂ ရက်က လေးကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိသွားကြောင်းသိရသည်။
ဘိုဂိုတာ၊ ဒီဇင်ဘာ ၁၂ရက် (ဆင်ဟွာ) ကိုလံဘီယာ စစ်သား ၅ဦးလိုက်ပါလာသည့် ရဟတ်ယာဉ်သည် ကာရေဘီယံကျွန်းများဖြစ်သည့် Providencia ကျွန်း နှင့် San Andres ကျွန်းကြားတွင် ပျက်ကျခဲ့သော်လည်း ၎င်းတို့အား ကယ်ဆယ်နိုင်ခဲ့ကြောင်း ကိုလံဘီယာ ရေတပ်က ဒီဇင်ဘာ ၁၀ရက်တွင်ပြောကြားခဲ့သည်။
မနီလာ ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၌ ဒီဇင်ဘာလ ၁၁ ရက်တွင် အစိုးရတပ်ဖွဲ့နှင့် အဘူဆေးယက်ဖက်သူပုန်တပ်ဖွဲ့တို့အကြား ၂ နာရီကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ သူပုန်တပ်ဖွဲ့ဝင် ၁ဝ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ဒမတ်စကတ်စ် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံအလယ်ပိုင်းရှိ Palmyra ရှေးဟောင်းမြို့တော်ကို ဒီဇင်ဘာလ ၁၁ ရက်တွင် အိုင်အက်စ်(IS) အကြမ်းဖက်သမားများက ပြန်လည်သိမ်းပိုက်လိုက်ပြီးဖြစ်ကြောင်း ၊ ၎င်းမြို့မှာ လွန်ခဲ့သော ၉ လခန့်တွင် အိုင်အက်စ်တို့ထံမှ ဆီးရီးယားစစ်တပ်က သိမ်းပိုက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုင်ရို၊ ဒီဇင်ဘာ ၁၂ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ ရှိ Coptic ခရစ်ယာန်ဘုရားကျောင်း တွင် ဒီဇင်ဘာ ၁၁ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့မှုကြောင့် သေဆုံးသူအရေအတွက်သည် အနည်းဆုံး လူ ၂၅ဦးရှိလာကာ အခြားလူ ၄၉ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာန က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
အမ်မန်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ) ဂျော်ဒန်နိုင်ငံက တိုင်းပြည်၏ လျှပ်စစ်နှင့် ရေ အရင်းအမြစ် ကဏ္ဍ ပြုပြင်ပြောင်းလဲရေးတွင် ထောက်ပံ့ရန် ကမ္ဘာ့ဘဏ်ထံမှ ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၂၅၀ အား လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။
ဆိုးလ်၊ ဒီဇင်ဘာ ၁၂ရက် (ဆင်ဟွာ) ဆမ်ဆောင်းကုမ္ပဏီက သိမ်းဆည်းရန်ကျန်ရှိနေသည့် Galaxy Note 7 ဖုန်းကိုင်ဆောင်ထားသူများ အနေဖြင့် ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ကျန်ရှိသာ Galaxy Note 7ဖုန်းများအား လုပ်ဆောင်မှုစနစ်များ ရပ်ဆိုင်းသွားစေသည့် ဆော့ဖဲဝဲလ်အဆင့်မြှင့်တင်မှု (Software upgrade) ထောက်ပံ့သွားရန် လွန်ခဲ့သည့် ရက်သတ္တပတ်အကုန်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ) ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ လူပေါင်း ၃၉ ဦးသေဆုံးပြီး ၁၅၅ ဦးထိခိုက်ဒဏ်ရာရခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုအတွက် “ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း နှင့် သူရဲဘောကြောင်သော လုပ်ရပ်ဖြစ်ကြောင်း ” ဒီဇင်ဘာလ ၁၂ ရက်တွင် ပြစ်တင်ဝေဖန်လိုက်သည်။...
ကိုင်ရို ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)
ကင်ညာ၊ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်း Naivasha မြို့၌ ယနေ့(ဒီဇင်ဘာလ ၁၁ ရက်)တွင် လောင်စာတင်ယာဉ်(ဆီတင်ကား) မီးလောင်ကျွမ်းခဲ့ပြီး အနီးအနားရှိ အခြားမော်တော်ယာဉ်များကိုလည်း မီးကူစက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၃၃ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။