Connect with us

Europe

ဘူလ်ဂေးရီးယားတွင် ဝက်ဝံကိုက်၍ သိုးအကောင် ၅၀ကျော်သေဆုံး

ဘူလ်ဂေးရီးယားနိုင်ငံရှိ ဝက်ဝံညိုတစ်ကောင်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုဖီယာ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

ဘူလ်ဂေးရီးယားနိုင်ငံ Rhodope တောင် ရှိ စိုက်ခင်းတစ်ခု တွင် ဝက်ဝံညိုတစ်ကောင်၏ တိုက်ခိုက်မှုကြောင့် သိုး ၅၄ကောင် သေဆုံးခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၇ ရက်တွင်ပြောကြားခဲ့သည်။

ဆိုဖီယာမြို့ အရှေ့တောင်ပိုင်း ၂၀၀ကီလိုမီတာ အကွာ Malevoရွာ ရှိ စိုက်ခင်းတစ်ခု တွင် စက်တင်ဘာ ၆ရက်မှ ၇ ရက် အတွင်း ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာ သဘာဝပတ်ဝန်းကျင် နှင့် ရေအရင်းအမြစ် ထိန်းသိမ်းစစ်ဆေးရေး (RIEW) က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

စိုက်ခင်း၏ နေရာတစ်ခု ၌ သိုးအကောင် ၁၅၀ ကို ညပိုင်းတွင် လွှတ်ထားသည်ကို စစ်ဆေးရေးအရာရှိများက တွေ့ရှိခဲ့ပြီး ဝက်ဝံ၏ တိုက်ခိုက်မှုကြောင့် သိုးတစ်ကောင်သေဆုံးခဲ့ကာ အခြားသိုး ၂ကောင် ဒဏ်ရာရရှိခဲ့ပြီး သိုး ၅၃ကောင်မှာ စိုက်ခင်း၏ ကျီတစ်ခုထဲသို့ ဝင်ရောက်ပုန်းခိုရာမှ အသက်ရှူကျပ်၍ သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ဝက်ဝံညိုများကို ဘူလ်ဂေးရီးယားတွင် ကာကွယ်ထိန်းသိမ်းထားပြီး RIEW ၏ ဖော်ပြချက်များအရ ယခုနှစ်အစပိုင်းမှ စ၍ ဝက်ဝံညိုများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး သိုး ၇ ကောင်နှင့် နွား တစ်ကောင် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.