Connect with us

Africa & Middle East

ကမ္ဘာပေါ်တွင် ဂျူးလူမျိုး လူဦးရေ ၁၄ သန်းရှိအထိရှိလာ

အစ္စရေးနိုင်ငံ ဂျေရုဆလမ်မြို့ရှိ Al-Aqsa mosque ဗလီကျောင်းဝင်အတွင်း ခရီးသွားများအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

ယနေ့ ကမ္ဘာပေါ်တွင် ဂျူးလူမျိုး လူဦးရေ ၁၄.၇ သန်းအထိရှိလာကြောင်း၊ ယင်းအနက် ၄၅ ရာခိုင်နှုန်းမှာ အစ္စရေးနိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း Israeli Hebrew University က စက်တင်ဘာလ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။

အဆိုပါ အချက်အလက်အရ အမေရိကန်နိုင်ငံတွင် ဂျူးလူမျိုး ၅.၇ သန်း၊ ပြင်သစ်နိုင်ငံတွင် ၄၅၃,၀၀၀ ဦး၊ ကနေဒါနိုင်ငံတွင် ၃၉၁,၀၀၀ ဦး နှင့် ဗြိတိန်နိုင်ငံတွင် ၂၉၉,၀၀၀ ဦး အသီးသီးနေထိုင်လျက်ရှိသည်။ဂျူးလူမျိုး အများဆုံးနေထိုင်သည့် အာဖရိကနိုင်ငံမှာ တောင်အာဖရိကနိုင်ငံဖြစ်ပြီး ၆၉၀၀၀ ဦးရှိကြောင်း သိရသည်။ထို့ပြင် အာရပ်နိုင်ငံနှင့် မွတ်ဆလင်နိုင်ငံများတွင် ၂၇,၀၀၀ ဦး၊ တူရကီနိုင်ငံတွင် ၁၅,၀၀၀ ဦး၊ အီရန်နိုင်ငံတွင် ၈,၅၀၀ ဦး၊ မော်ရိုကိုနိုင်ငံတွင် ၂,၀၀၀ ဦးနှင့် တူနီရှားနိုင်ငံတွင် ၁,၀၀၀ ဦးတို့ အသီးသီး နေထိုင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.