Connect with us

Europe

ဖီဖာအကောင်းဆုံးဘောလုံးသမား ၁၁ ဦးရွေးချယ်ရန် ဆန်ခါတင် ၅၅ ဦးစာရင်းထုတ်ပြန်

ပေါ်တူဂီနိုင်ငံ လက်ရွေးစင်အသင်း တိုက်စစ်မှူး ရော်နယ်ဒိုအားတွေ့ ရစဉ်(ဆင်ဟွာ)

ပါရီ ၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် (FIFPro) ၊ ကမ္ဘာ့အကောင်းဆုံးဘောလုံးများသမဂ္ဂ တို့သည် ၂ဝ၁၈ ခုနှစ် ဖီဖာအကောင်းဆုံးဘောလုံးသမား ၁၁ ဦးအတွက် ဆန်ခါတင်စာရင်းဝင် ကစားသမား ၅၅ ဦး၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန်ခါတင်စာရင်းတွင် ပြီးခဲ့သော ဘောလုံးရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌ ပါဝင်ကစားခဲ့သည့် ရီယဲလ်မက်ဒရစ်အသင်းမှ ပထမပွဲထွက်ကစားသမား ၁၁ ဦး ပါဝင်ကြောင်း သိရသည်။ မတူကွဲပြားသော ကမ္ဘာ့နိုင်ငံ နှင့် ဒေသ ပေါင်း ၆၅ နေရာမှ ဆုကြေးစားဘောလုံးသမား ၂၅,ဝဝဝဦး နီးပါးက ယခင်နှစ်အတွက် ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် ကစားသမား ၁၁ ဦး အပါအဝင် Virgil van Dijk နှင့် Joshua Kimmich တို့ကဲ့သို့ မျက်နှာသစ် ကမားစားသမား ၁၁ ဦးကို ဆန်ခါတင် စာရင်းအတွက် ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

မဲပေးခွင့်ရသော ကစားသမားတစ်ဦးချင်းစီသည် ၂ဝ၁၇ ခုနှစ် ဇူလိုင် ၃ ရက် မှ ၂ဝ၁၈ ခုနှစ် ဇူလိုင် ၁၅ ရက်အတွင်း ကစားသမားများ၏ ခြေစွမ်းပေါ် မူတည်၍ ဂိုးသမားနေရာအတွက် တစ်ဦး ၊ နောက်တမ်းနေရာအတွက် ၄ဦး ၊ ကွင်းလယ်နေရာအတွက် ၃ ဦး နှင့် ရှေ့တန်းနေရာအတွက် ၃ ဦး ကို အသီးသီး မဲပေး ရွေးချယ်ရခြင်းဖြစ်သည်။

ဥရောပချန်ပီယံလိဂ်တွင် ဗိုလ်စွဲထားသည့် ရီယဲလ်မက်ဒရစ်အသင်းသည် ဆန်ခါတင်စားရင်းတွင် ကစားသမား ၁၁ ဦးထိ ပါဝင်လာပြီး အရေအတွက်အများဆုံးပါဝင်ခွင့်ရသော အသင်းအဖြစ် ရပ်တည်ခဲ့သည်။ နိုင်ငံ့လက်ရွေးစင်အဆင့်တွင် စပိန်နိုင်ငံအသင်းသည် ကစားသမား ၉ ဦးထိ ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ယင်းနောက်တွင် လက်ရှိကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်နိုင်ငံအသင်းက ၈ ဦးဖြင့် ပါဝင်လာသည်။

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ၁၁ ဦးစာရင်းကို ၂ဝဝ၅ ခုနှစ်မှ စတင်၍ တစ်နှစ်တစ်ကြိမ်ရွေးချယ်ခဲ့ကြရာ ယခုအခါ ၁၄ ကြိမ်မြောက် သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

FIFA FIFPro ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား ၁၁ ဦးစာရင်းကို လန်ဒန်မြို့၌ စက်တင်ဘာ ၂၄ ရက်တွင် ကျင်းပမည့် ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားရွေးချယ်ပွဲ အခမ်းအနားတွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွက် ဖီဖာကမ္ဘာ့အကောင်းဆုံး အမျိုးသားဘောလုံးသမားဆုကို ဆွတ်ခူးရရှိရန် ခရစ်တီယာနိုရော်နယ်ဒို ၊ လူကာမိုဒရစ် နှင့် မိုဟာမက်ဆာလတ် တို့က နောက်ဆုံး ဆန်ခါတင်စာရင်းဝင် ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.