ဝါရှင်တန်၊ ဒီဇင်ဘာ ၉ရက် (ဆင်ဟွာ)ကမ္ဘာ့ဂြိုဟ်ပတ်လမ်းကြောင်း အတွင်းသို့ ဝင်ရောက်ခဲ့သည့် ပထမဆုံး အမေရိကန်နိုင်ငံသား ဂျွန်ဂလန်း သည် အသက် ၉၅နှစ်အရွယ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။
မနီလာ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေးသည် လာမည့် သီတင်းပတ်အတွင်း ကမ္ဘောဒီးယားနှင့် စင်ကာပူနိုင်ငံများသို့ ချစ်ကြည်ရေး ခရီးသွားရောက်မည် ဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဒီဇင်ဘာလ ၉ ရက်တွင် ပြောကြားလိုက်သည်။
ဆစ်ဒနီ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)ဆစ်ဒနီရှိ ရှီအိုက် မွတ်ဆလင် ဝတ်ပြုဆောင်တွင် ဗုံးခွဲရန် ကြံစည်သူ အမျိုးသား နှစ်ဦးအား ဒီဇင်ဘာလ ၉ ရက်က အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။
ဟနွိုင်း ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Quang Ninh ပြည်နယ်၌ ၂ဝ၃ဝ ပြည့်နှစ်တွင် Van Don အထူးစီးပွားရေးဇုန်ကို အပြီးသတ်တည်ဆောက်နိုင်ရန် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ လိုအပ်ကြောင်း ပြည်တွင်းသတင်းဌာနများက ဒီဇင်ဘာ ၉ ရက်တွင် ရေးသားဖော်ပြလိုက်သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၈ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က ဗြိတိန်သတင်းဋ္ဌာနတစ်ခုဖြစ်သည့် BBC သတင်းဋ္ဌာနသည် ထိုင်းနိုင်ငံ၏ ဥပဒေကို ချိုးဖောက်ခဲ့သည့်အတွက် တရားစွဲဆိုခြင်းခံရမည်ဟု ဒီဇင်ဘာ ၇ရက်က ပြောကြားခဲ့ကြောင်း ပြည်တွင်းသတင်းတစ်ခု တွင်ဖော်ပြခဲ့သည်။
ဝါရှင်တန်၊ ဒီဇင်ဘာ ၈ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတအဖြစ် ရွေးကောက်ထားသည့် ဒေါ်နယ်ထရမ့်အား တိုင်းမ်မဂ္ဂဇင်းက “ယခုနှစ်၏ထင်ရှားသောပုဂ္ဂိုလ်” အဖြစ် မဂ္ဂဇင်းမျက်နှာဖုံး၌ ရွေးချယ်ဖော်ပြခဲ့ကြောင်း ဒီဇင်ဘာ ၇ရက်က ကြေညာခဲ့ပြီး ထို့သို့ရွေးချယ်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုများရှိနေကြောင်း သိရသည်။
ဖနွမ်းပင် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံသည် ၂ဝ၁၆ ခုနှစ် ပထမ ၁၁ လအတွင်း တရုတ်နိုင်ငံသို့ဆန်တန်ချိန် ၁ဝ၇,ဝ၉၁ တန် တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် ယင်းကာလက တင်ပို့ခဲ့သော ဆန်တန်ချိန် ၉၁,၈၈၃ တန် ဖြင့်နှိုင်းယှဉ်ပါက ၁၆.၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း...
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ ဒီဇင်ဘာလ ၇ ရက်က ပြည်သူထောင်ပေါင်းများစွာသည် အလုပ်အကိုင်အခွင့်အလမ်းများများ နှင့် ဝင်ငွေ ကောင်းကောင်း ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်းသိရသည်။
ဝဲလ်လင်တန် ၊ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ) နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်သစ် အဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဘီလ်အင်္ဂလိစ် ( Bill English) က လက်ရှိဝန်ကြီးချုပ်၏ ကျန်ရှိနေသော ရာထူးသက်တမ်းကို ဒီဇင်ဘာလ ၈ ရက်မှ စတင်ကာ ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဒါကာ၊ ဒီဇင်ဘာ ၈ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရ်ှနိုင်ငံ မြို့တော်ဒါကာမြို့မှ အရှေ့မြောက်ဘက်၂၃၈ကီလိုမီတာ အကွာ Sylhet ခရိုင်တွင် ငါးပူတင်း စားမိ၍ လူ ၆ဦးသေဆုံးပြီး အခြားလူ ၁၇ဦး နေမကောင်းဖြစ်ခဲ့ကြောင်း သိရသည်။