Connect with us

Asia

ဂျက်ဘီတိုင်ဖွန်းမုန်တိုင်းကြောင့် ဂျပန်နိုင်ငံသို့ သွားမည့် လေယာဉ်ခရီးစဉ်များကို ဗီယက်နမ်နိုင်ငံ ပယ်ဖျက်

ဂျပန်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်း ဂျက်ဘီ ကြောင့် လှိုင်းကြီးမှုများဖြစ်ပေါ်နေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ဂျက်ဘီ (Jebi) တိုင်ဖွန်းမုန်တိုင်း အား ရှောင်ရှားသည့်အနေဖြင့် စက်တင်ဘာလ ၅ ရက်တွင် ဗီယက်နမ်နိုင်ငံ အကြီးဆုံးမြို့များမှ ဂျပန်နိုင်ငံ အိုဆာကာမြို့သို့ ပြေးဆွဲမည့် ဗီယက်နမ် လေကြောင်းလိုင်းနှင့် စရိတ်ကျဉ်း Jetstar Pacific မှ ခရီးစဉ် ၅ ကြောင်း ပယ်ဖျက်လိုက်ကြောင်း သိရသည်။

အဆိုပါ လေကြောင်း နှစ်ခုမှ ခရီးစဉ် ၅ ခုကို စက်တင်ဘာလ ၄ ရက်က ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ ပယ်ဖျက်လိုက်သော လေယာဉ်ခရီးစဉ်များမှာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၊ ဒါနန်းမြို့ သို့မဟုတ် ဟိုချီမင်းမြို့များမှ ဂျပန်နိုင်ငံ အိုဆာကာမြို့နှင့် အသွားအပြန်ခရီးစဉ် ၁၀ ကြောင်းဖြစ်သည်။

ဂျက်ဘီ တိုင်ဖွန်းမုန်တိုင်းသည် စက်တင်ဘာလ ၄ ရက်က ၂၅ နှစ်အတွင်း အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း အဖြစ် အနောက်ပိုင်း၌ တိုက်ခတ်ခဲ့ခြင်း ဖြစ်ပြီး အပျက်အစီးများပြားခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသလုပ်ငန်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.