Connect with us

Asia

ဂျပန်နိုင်ငံ တွင် အင်အား ၅.၆ ပမာဏ ရှိ ငလျင်တစ်ခုလှုပ်ခတ်၊ ဆူနာမီသတိပေးချက်ထုတ်ပြန်ခြင်းမရှိ

ငလျင်တိုင်းတာမှုပုံစံ တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့ မြောက်ပိုင်း အီဘာရာခီစီရင်စု ကမ်းရိုးတန်းအလွန်တွင် စက်တင်ဘာ ၅ရက် နံနက်ပိုင်း က အင်အား ၅.၆ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာန က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ မိုးလေဝသဌာန (JMA) က ငလျင်သည် မြောက်လတ္တီကျု ၃၆.၅ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၄၁ ဒီဂရီ ရှိ မြေပြင်အနက် ၆၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မိုးလေဝသဌာန က ကမ်းလွန်တွင်လှုပ်ခတ်သော ငလျင်ကြောင့် ဆူနာမီ ဖြစ်ပေါ်လာနိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်အရ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိသေးကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် နျူကလီးယားဓါတ်ပေါင်းဖို အားလုံးတွင် အခြေအနေပုံမှန်ရှိနေကြောင်း ဂျပန်နိုင်ငံ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.